YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 15:22-47

ရှင်မာကု 15:22-47 JBMLE

ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု ဆို​လို​သော ဂေါ​လ​ဂေါ​သ အ​ရပ်​သို့ ကိုယ်​တော်​ကို ဆောင်​သွား​ပြီး​မှ၊- မု​ရန်​နှင့် ရော​သော စ​ပျစ်​ရည်​ကို၊ ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လျှင် မ​ခံ​ဘဲ​နေ​တော်​မူ၏။- လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပြီး​လျှင်၊ အ​ဝတ်​တော်​ကို စာ​ရေး​တံ​ချ၍ အ​သီး​အ​သီး​တို့​အား ဝေ​ဖန်​ကြ၏။- ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ကြ​သော​အ​ချိန်​ကား၊ နံ​နက်​တစ်​ချက်​တီး​အ​ချိန် ဖြစ်​သ​တည်း။ အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက် ဟူ​မူ​ကား၊ ယု​ဒ​ရှင်​ဘု​ရင်​ဟု ရေး​ထား​သ​တည်း။- ကိုယ်​တော်​နှင့်​တ​ကွ ဓား​ပြ​နှစ်​ယောက်​တို့​ကို လက်​ယာ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။- ထို​သို့ မ​တ​ရား​သော​သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့​ရောက်​သည်​ဟု​ဆို​သော ကျမ်း​စာ​ချက်​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။ လမ်း​မှာ​သွားလာ​သော သူ​တို့​က​လည်း၊ ဟဲ့၊ ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​ပြန်​သော​သူ၊- ကိုယ်​ကို​ကိုယ် ကယ်​တင်​လော့။ လက်​ဝါး​ကပ်​တိုင်​မှ ဆင်း​လော့​ဟု မိ​မိ​တို့​ခေါင်း​ကို​ညိတ်၍ ကဲ့​ရဲ့​သော​စ​ကား​နှင့် ပြော​ဆို​ကြ၏။- ထို​နည်း​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။ ကိုယ်​ကို မ​ကယ်​တင်​နိုင်​ပါ​တ​ကား။- ငါ​တို့​မြင်၍ ယုံ​ကြည်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် တည်း​ဟူ​သော ခ​ရစ်​တော်​သည် လက်​ဝါး​ကပ်​တိုင်​မှ ယ​ခု​ဆင်း​ပါ​လေ​စေ​ဟု အ​ချင်း​ချင်း​ပြက်​ရယ်​ပြု၍ ပြော​ဆို​ကြ၏။ ကိုယ်​တော်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​သူ​တို့​သည်​လည်း ကဲ့​ရဲ့​ပြစ်​တင်​ကြ၏။ မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။- သုံး​ချက်​တီး​အ​ချိန်၌ ယေ​ရှု​က၊ ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ၏။ အ​နက်​ကား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း​ဟု ဆို​လို​သ​တည်း။- အ​နား၌​ရပ်​နေ​သော သူ​အ​ချို့​တို့​သည် ကြား​လျှင်၊ သူ​သည်​ဧ​လိ​ယ​ကို ခေါ်​သည်​ဟု ဆို​ကြ၏။- လူ​တစ်​ယောက်​သည် ပြေး၍ ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ကျူ​လုံး​ဖျား၌​တပ်၍ ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လျက်၊ ရှိ​စေ​တော့။ ဧ​လိ​ယ​သည် သူ့​ကို​ချ​ယူ​ခြင်း​ငှာ လာ​မည်​မ​လာ​မည်​ကို ကြည့်​ကြ​ကုန်​အံ့​ဟု ဆို၏။- ယေ​ရှု​သည် ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်၍ အ​သက်​ချုပ်​တော်​မူ၏။ ထို​အ​ခါ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် အ​ထက်​စွန်း​မှ အောက်​စွန်း​တိုင်​အောင် စုတ်​ကွဲ​လေ၏။- ထို​သို့ ကြွေး​ကြော်၍ အ​သက်​ချုပ်​တော်​မူ​ကြောင်း​ကို ရှေ့​တော်၌​ရပ်​နေ​သော တပ်​မှူး​သည် မြင်​လျှင်၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပေ၏​ဟု ဆို၏။- မိန်း​မ​အ​ချို့​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။- ထို​မိန်း​မ​တို့​တွင် ကိုယ်​တော်​သည် ဂါ​လိ​လဲ​ပြည်​မှာ ရှိ​တော်​မူ​စဉ်၊ နောက်​တော်​သို့ အ​လုပ်​အ​ကျွေး​လိုက်​သော မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်​ငယ်​နှင့် ယော​သေ၏​အ​မိ​ဖြစ်​သော မာ​ရိ​နှင့် ရှာ​လုံ​တို့​မှ​စ၍ နောက်​တော်၌ ယေ​ရု​ရှ​လင်​မြို့​သို့ လိုက်​လာ​သော အ​ခြား​မိန်း​မ​များ​လည်း ပါ​ကြ​သ​တည်း။ ထို​နေ့​ကား အ​ဖိတ်​နေ့​တည်း​ဟူ​သော ပ​ရ​က္ကု​နေ့ ဖြစ်​သော​ကြောင့် ည​အ​ချိန်​ရောက်​မှ၊- အ​သ​ရေ​ရှိ​သော လွှတ်​အ​ရာ​ရှိ၊ အ​ရိ​မဿဲ​မြို့​သား ယော​သပ်​သည်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မျှော်​လင့်​သော​သူ ဖြစ်​သည်​နှင့်၊ ပိ​လတ်​မင်း​ထံ​သို့ ရဲ​ရင့်​စွာ​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။- ယေ​ရှု​သည် ယ​ခု​ပင်​သေ​သည်​ကို ပိ​လတ်​မင်း​သည် အံ့​ဩ​ခြင်း​ရှိ​သ​ဖြင့် တပ်​မှူး​ကို​ခေါ်၍၊ သေ​သည်​ကား ကြာ​ပြီ​လော​ဟု မေး၏။- သေ​ကြောင်း​ကို တပ်​မှူး​စ​ကား​ဖြင့်​သိ​လျှင်၊ အ​လောင်း​တော်​ကို ယော​သပ်​အား အပ်​ပေး၏။- ယော​သပ်​သည် ကိုယ်​တော်​ကို​ချ၍၊ မိ​မိ​ဝယ်​ခဲ့​သော ပိတ်​ချော​နှင့်​ပတ်​ရစ်​ပြီး​လျှင်၊ ကျောက်၌​ထွင်း​သော သင်္ချိုင်း​တွင်း​ထဲ​မှာ​ထား၍ တွင်း၌ ကျောက်​ကို လှိမ့်​ထား​လေ၏။- မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​သေ၏​အ​မိ​ဖြစ်​သော မာ​ရိ​တို့​သည် အ​လောင်း​တော်​ထား​ရာ​အ​ရပ်​သို့ ကြည့်​ရှု​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။