YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 14:22-31

ရှင်မာကု 14:22-31 JBMLE

ထို​အ​ခါ စား​လျက်​နေ​ကြ​စဉ်​တွင် ယေ​ရှု​သည်​မုန့်​ကို​ယူ၍၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့​ဟု မိန့်​တော်​မူ​လျက် တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- ခွက်​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ သူ​တို့​အား ပေး​တော်​မူ​လျှင်၊ ထို​သူ​ရှိ​သ​မျှ​တို့​သည် သောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ ဤ​ခွက်​ကား၊ ပ​ဋိ​ညာဉ်​တ​ရား​သစ်​နှင့် ဆိုင်၍၊ လူ​များ​အ​ဖို့​အ​လို​ငှာ သွန်း​သော ငါ၏​အ​သွေး​ဖြစ်၏။- ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​စ​ပျစ်​ရည်​မျိုး​အ​သစ်​ကို ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်၌ ငါ​မ​သောက်​မီ နေ့​တိုင်​အောင် ယ​ခု​မှ​စ၍ တစ်​ဖန်​ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။- ထို​နောက် သီ​ချင်း​ဆို​ပြီး​မှ သံ​လွင်​တောင်​သို့ ထွက်​သွား​ကြ၏။ ထို​အ​ခါ ယေ​ရှု​က​လည်း၊ ကျမ်း​စာ​လာ​သည်​ကား၊ သိုး​ထိန်း​ကို ငါ​ရိုက်​သတ်၍ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်​ဟု ရေး​ထား​သည်​နှင့် အ​ညီ၊ ယ​နေ့​ည​တွင် သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ကြောင့် စိတ်​ပျက်​ကြ​လိမ့်​မည်။- သို့​သော်​လည်း ငါ​သည်​ထ​မြောက်​ပြီး​မှ သင်​တို့​ရှေ့၊ ဂါ​လိ​လဲ​ပြည်​သို့​သွား​မည်​ဟု မိန့်​တော်​မူ​သော်၊- ပေ​တ​ရု​က၊ ဤ​သူ​ရှိ​သ​မျှ​တို့​သည် စိတ်​ပျက်​ကြ​သော်​လည်း အ​ကျွန်ုပ်​သည် စိတ်​မ​ပျက်​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​ည​တွင်​ပင် ကြက်​သည်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို​ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊- ပေ​တ​ရု​က၊ ကိုယ်​တော်​နှင့်​တ​ကွ သေ​ရ​သော်​လည်း အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​မ​ငြင်း​မ​ပယ်​ပါ​ဟု သာ၍ ခိုင်​ခံ့​သော​စ​ကား​နှင့် လျှောက်​ပြန်၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း ထို​နည်း​တူ လျှောက်​ကြ၏။