YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 14:17-25

ရှင်မာကု 14:17-25 JBMLE

ညဉ့်​ဦး​ယံ​အ​ချိန်​ရောက်​မှ တ​ပည့်​တော် တစ်​ကျိပ်​နှစ်​ပါး​တို့​နှင့်​အ​တူ ကြွ​လာ​တော်​မူ၏။- စား​ပွဲ၌​လျောင်း၍ စား​နေ​ကြ​စဉ်​တွင်၊ ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​အ​ဝင်​ဖြစ်၍ ငါ​နှင့်​အ​တူ စား​သော​သူ တစ်​စုံ​တစ်​ယောက်​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊- တ​ပည့်​တော်​တို့​သည် ဝမ်း​နည်း၍၊ အ​ကျွန်ုပ်​လော၊ အ​ကျွန်ုပ်​လော​ဟု တစ်​ယောက်​နောက်​တစ်​ယောက် အ​သီး​အ​သီး မေး​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်၍ ငါ​နှင့်​အ​တူ ပန်း​ကန်​တွင် နှိုက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်။- ကျမ်း​စာ​လာ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထို​သူ​သည် ဖွား​မြင်​ခြင်း​ကို မ​ခံ​ရ​လျှင် အ​နေ​သာ၍ ကောင်း​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ စား​လျက်​နေ​ကြ​စဉ်​တွင် ယေ​ရှု​သည်​မုန့်​ကို​ယူ၍၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့​ဟု မိန့်​တော်​မူ​လျက် တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- ခွက်​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ သူ​တို့​အား ပေး​တော်​မူ​လျှင်၊ ထို​သူ​ရှိ​သ​မျှ​တို့​သည် သောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ ဤ​ခွက်​ကား၊ ပ​ဋိ​ညာဉ်​တ​ရား​သစ်​နှင့် ဆိုင်၍၊ လူ​များ​အ​ဖို့​အ​လို​ငှာ သွန်း​သော ငါ၏​အ​သွေး​ဖြစ်၏။- ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​စ​ပျစ်​ရည်​မျိုး​အ​သစ်​ကို ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်၌ ငါ​မ​သောက်​မီ နေ့​တိုင်​အောင် ယ​ခု​မှ​စ၍ တစ်​ဖန်​ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။

​ရှင်မာကု 14:17-25 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။