YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 14:1-16

ရှင်မာကု 14:1-16 JBMLE

ထို​နောက် နှစ်​ရက်​လွန်​လျှင် ပ​သ​ခါ​အ​ဇု​မ​ပွဲ ရှိ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကိုယ်​တော်​ကို အ​ဘယ်​သို့ ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး၍ သတ်​ရ​အံ့​နည်း​ဟု ရှာ​ကြံ​ကြ၏။- သို့​သော်​လည်း လူ​များ​တို့​သည် ရုန်း​ရင်း​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်၍ ပွဲ​နေ့​တွင် မ​ပြု​နှင့်​ဦး​ဟု ပြော​ဆို​ကြ၏။ ဗေ​သ​နိ​ရွာ​တွင် ရှိ​မုန်​အ​မည်​ရှိ​သော လူ​နူ၏​အိမ်၌ ကိုယ်​တော် ရှိ​တော်​မူ​သည်​ဖြစ်၍၊ မိန်း​မ​တစ်​ယောက်​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ်​နှင့်​ပြည့်​သော ကျောက်​ဖြူ​ခွက်​တစ်​လုံး​ကို ယူ​ခဲ့၍ ကိုယ်​တော်​သည် စား​ပွဲ​နား​မှာ လျောင်း​တော်​မူ​စဉ်၊ ကျောက်​ဖြူ​ခွက်​ကို​ခွဲ​ပြီး​မှ ခေါင်း​တော်​ပေါ်၌ သွန်း​လောင်း​လေ၏။- အ​ချို့​တို့​သည် ဒေါ​သ​စိတ်​ရှိ​သည် ဖြစ်၍၊ ထို​ဆီ​မွှေး​ကို အ​ဘယ်​ကြောင့် အ​ကျိုး​မဲ့​ဆုံး​စေ​သ​နည်း။- ဒေ​နာ​ရိ​အ​ပြား​သုံး​ရာ​မ​က​သော အ​ဖိုး​နှင့်​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​စ​ရာ​ကောင်း​သည်​ဟု ဆို၍ ထို​မိန်း​မ​ကို အ​ပြစ်​တင်​ကြ၏။- ယေ​ရှု​က​လည်း ထို​မိန်း​မ​ကို​ရှိ​စေ​တော့။ အ​ဘယ်​ကြောင့် နှောင့်​ယှက်​ကြ​သ​နည်း။ သူ​သည် ငါ၌ ကောင်း​သော​အ​မှု​ကို ပြု​ပြီ။- ဆင်း​ရဲ​သော​သူ​တို့​သည် သင်​တို့၌ အ​စဉ်​ရှိ​ကြ၏ သင်​တို့​အ​လို​ရှိ​သည်​အ​တိုင်း သူ​တို့​အား ကျေး​ဇူး​ပြု​နိုင်၏။ ငါ​မူ​ကား သင်​တို့၌ အ​စဉ်​ရှိ​သည်​မ​ဟုတ်။- ဤ​မိန်း​မ​သည် တတ်​နိုင်​သ​မျှ​ပြု​ပြီ။ ငါ့​အ​လောင်း​ကို သင်္ဂြိုဟ်​မည်​ဟု ပြင်​ဆင်​ခြင်း​ငှာ၊ ငါ့​ကိုယ်​ကို ဆီ​မွှေး​နှင့် လူး​နှင့်​သ​တည်း။- ငါ​အ​မှန်​ဆို​သည်​ကား၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မြေ​တစ်​ပြင်​လုံး​တွင် ဟော​သော​အ​ရပ်​ရပ်​တို့၌ ဤ​မိန်း​မ​ကို အောက်​မေ့​စ​ရာ​ဖို့ သူ​ပြု​သော​ဤ​အ​မှု​ကို ကြား​ပြော​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ကိုယ်​တော်​ကို​အပ်​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ​သို့ သွား​လေ၏။- ထို​သူ​တို့​သည် ကြား​လျှင် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ ငွေ​ပေး​မည်​ဟု ဝန်​ခံ​ကြ၏။ ထို​နောက် အ​ဆင်​သင့်​သော အ​ချိန်​ကာ​လ၌ ကိုယ်​တော်​ကို အ​ဘယ်​သို့​အပ်​ရ​မည်​နည်း​ဟု ရှာ​ကြံ​လျက်​နေ၏။ ပ​သ​ခါ​သိုး​သ​ငယ်​ကို သတ်​သော​နေ့​တည်း​ဟူ​သော အ​ဇု​မ​ပွဲ​ပ​ထ​မ​နေ့၌ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ပ​သ​ခါ​ပွဲ​ကို စား​တော်​မူ​ဖို့​ရာ အ​ဘယ်​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် သွား၍ ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- ကိုယ်​တော်​သည် တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်၍၊ သင်​တို့​သည် မြို့​ထဲ​သို့​သွား​ကြ။ ရေ​အိုး​ဆောင်​သော​သူ​ကို တွေ့​လိမ့်​မည်။ ထို​သူ​နောက်​သို့ လိုက်၍၊- သူ​ဝင်​သော အိမ်​သို့​ဝင်​ပြီး​မှ၊ ငါ​သည် ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို စား​ရ​သော ဧည့်​သည်​အ​ခန်း​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း။ ဆ​ရာ​က မေး​သည်​ဟု အိမ်​ရှင်​ကို ပြော​ကြ​လော့။- ထို​သူ​သည် အ​သင့်​ပြင်​ဆင်​လျက်​ရှိ​သော အ​ထက်​အ​ခန်း​ကြီး​ကို ပြ​လိမ့်​မည်။ ထို​အ​ခန်း၌ ငါ​တို့​ဖို့ ပြင်​ဆင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် သွား၍ မြို့​ထဲ​သို့​ဝင်​လျှင်၊ စ​ကား​တော်​အ​တိုင်း​တွေ့၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ၏။

​ရှင်မာကု 14:1-16 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။