YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 13:28-37

ရှင်မာကု 13:28-37 JBMLE

သင်္ဘော​သ​ဖန်း​ပင်​ကို အ​စွဲ​ပြု၍ ပုံ​သက်​သေ​တစ်​ခု​ကို မှတ်​ကြ​လော့။ သင်္ဘော​သ​ဖန်း​ပင်​သည် အ​ခက်​အ​လက်​နု၍ အ​ရွက်​ပေါက်​သော​အ​ခါ၊ နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သိ​ကြ၏။- ထို​နည်း​တူ ထို​အ​ကြောင်း​အ​ရာ​များ​ဖြစ်​သည်​ကို မြင်​ရ​လျှင်၊ လူ​သား​သည် တံ​ခါး​ဝ​တိုင်​အောင် အ​နီး​သို့ ရောက်​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။- ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော လူ​များ​မ​ကုန်​မီ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။- ကောင်း​ကင်​နှင့် မြေ​ကြီး မ​တည်​သော်​လည်း ငါ့​စ​ကား​တည်​လိမ့်​မည်။ ထို​အ​ချိန်​နာ​ရီ​ကို​ကား၊ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​သိ။ ကောင်း​ကင်​တ​မန်​များ မ​သိ။ သား​တော်​လည်း မ​သိ။- ထို​အ​ချိန်​ကာ​လ​သည် အ​ဘယ်​အ​ခါ၌ ရောက်​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် သ​တိ​ပြု၍ ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။- ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့ သွား​မည်​အ​ကြံ​ရှိ​သည်​နှင့် မိ​မိ​အိမ်​ကို ငယ်​သား​တို့ လက်​သို့​အပ်၍၊ သူ​တို့​ဆောင်​ရွက်​စ​ရာ​အ​မှု​ကို အ​သီး​အ​သီး ခွဲ​ခန့်​စီ​မံ၍၊ တံ​ခါး​မှူး​ကို စောင့်​နေ​စေ​ဟု မှာ​ထား​ပြီး​မှ သွား​သည်​ဖြစ်၍၊- အိမ်​ရှင်​သည် ညဉ့်​ဦး​အ​ချိန်၊ သန်း​ခေါင်​အ​ချိန်၊ ကြက်​ဦး​တွန်​ချိန်၊ နံ​နက်​အ​ချိန်​တို့​တွင် အ​ဘယ်​အ​ချိန်၌ လာ​မည်​ကို သင်​တို့​မ​သိ​သော​ကြောင့် စောင့်​နေ​ကြ​လော့။- သို့​မ​ဟုတ် အ​မှတ်​တ​မဲ့​လာ၍ သင်​တို့​အိပ်​ပျော်​သည်​ကို တွေ့​လိမ့်​မည်။- စောင့်​နေ​ကြ​လော့​ဟု သင်​တို့​အား ငါ​ဆို​သည်​အ​တိုင်း၊ ခပ်​သိမ်း​သော​သူ​တို့​အား ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။

Video for ရှင်မာကု 13:28-37