YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 13:1-27

ရှင်မာကု 13:1-27 JBMLE

ကိုယ်​တော်​သည် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ​သော်၊ တ​ပည့်​တော်​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား ကြည့်​ရှု​တော်​မူ​ပါ။ ဧ​ရာ​ကျောက်​ကြီး​တ​ကား၊ ဧ​ရာ​တိုက်​ဆောင်​ကြီး​တ​ကား​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ဤ​ကြီး​စွာ​သော တိုက်​ဆောင်​တို့​ကို သင်​သည် ယ​ခု​မြင်​ရ၏။ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ မ​တည်​မ​နေ​ရ​ဟု မိန့်​တော်​မူ၏။ ထို​နောက် သံ​လွင်​တောင်​ပေါ်​မှာ ဗိ​မာန်​တော်​ရှေ့​ရှု ထိုင်​တော်​မူ​စဉ်၊ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အ​န္ဒြေ​တို့​က၊- ထို​အ​မှု​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​မည်​ကို​လည်း​ကောင်း၊ ထို​အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​သည် ပြည့်​စုံ​ချိန်​နီး​သော​အ​ခါ အ​ဘယ်​ပု​ပ္ပ​နိ​မိတ် ပေါ်​ထွန်း​မည်​ကို​လည်း​ကောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု အ​ခြား​သူ​မ​ပါ​ဘဲ လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏​ဟု ဆို​လျက်၊ ငါ၏​အ​ယောင်​ကို​ဆောင်၍ ပေါ်​လာ​သ​ဖြင့်၊ လူ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။- သင်​တို့​သည် စစ်​တိုက်​ကြောင်း​ကို​လည်း​ကောင်း၊ စစ်​တိုက်​အံ့​သော သ​တင်း​စ​ကား​ကို​လည်း​ကောင်း ကြား​ရ​သော​အ​ခါ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​ကြ​နှင့်၊ ထို​သို့​ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည် မ​ဖြစ်​သေး။ လူ​တစ်​မျိုး​နှင့် တစ်​မျိုး၊ တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ မြေ​ကြီး​လှုပ်​ခြင်း ဖြစ်​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး​ခြင်း​နှင့် မ​ငြိမ်​မ​သက်​ခြင်း​တို့​သည်​လည်း ဖြစ်​ကြ​လိမ့်​မည်။ ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး ဖြစ်​သ​တည်း။- သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။ ထို​သူ​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း၊ သင်​တို့​သည် ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် ရောက်​ကြ​လိမ့်​မည်။- ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ရှေ့​ဦး​စွာ လူ​မျိုး​အ​ပေါင်း​တို့​အား ဟော​ရ​လိမ့်​မည်။ သင်​တို့​ကို အပ်​နှံ​ခြင်း​ငှာ ပို့​ဆောင်​ကြ​သော​အ​ခါ အ​ဘယ်​သို့ ပြော​ဆို​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။- ရှေ့​မ​ဆွ​က မ​ဆင်​ခြင်​ကြ​နှင့်။ ထို​ခ​ဏ​ချင်း​တွင် သင်​တို့​ရ​သော​စ​ကား​ကို​သာ​ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​အ​လို​အ​လျောက် ပြော​ကြ​သည်​မ​ဟုတ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ပြော​တော်​မူ၏။- ထို​ကာ​လ၌ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သေ​စေ​ခြင်း​ငှာ အပ်​လိမ့်​မည်။ အ​ဘ​သည်​လည်း သား​ကို​အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​ကို​ရန်​ဘက်​ပြု၍ သေ​စေ​ကြ​လိမ့်​မည်။- လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။ ပ​ရော​ဖက်​ဒံ​ယေ​လ ဟော​သည်​အ​တိုင်း၊ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် မ​နေ​သင့်​သော​အ​ရပ်၌ စိုက်​နေ​သည်​ကို သင်​တို့​မြင်​ရ​လျှင်၊ ကျမ်း​စာ​ကို ကြည့်​သော​သူ​သည် နား​လည်​ပါ​စေ။ ထို​သို့​မြင်​ရ​လျှင် ယု​ဒ​ပြည်၌​ရှိ​သော သူ​တို့​သည် တောင်​ပေါ်​သို့ ပြေး​ကြ​စေ။- အိမ်​မိုး​ပေါ်​မှာ​ရှိ​သော​သူ​သည် အိမ်​ထဲ​သို့ မ​ဆင်း​စေ​နှင့်။ အိမ်​ထဲ​က တစ်​စုံ​တစ်​ခု​ကို ယူ​ခြင်း​ငှာ မ​ဝင်​စေ​နှင့်။- လယ်၌​ရှိ​သော​သူ​လည်း မိ​မိ​အ​ဝတ်​ကို​ယူ​ခြင်း​ငှာ နောက်​သို့​မ​ပြန်​စေ​နှင့်။- ထို​နေ့​ရက်၌ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​နှင့် နို့​စို့​သူ​ငယ်​ရှိ​သော မိန်း​မ​တို့​သည် အ​လွန်​ခက်​ကြ​လိမ့်​မည်။- သင်​တို့ ပြေး​ရ​သော​အ​ချိန်​သည် ဆောင်း​ကာ​လ၌ မ​ကျ​ရ​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော က​မ္ဘာ​ဦး​မှ​စ၍ ယ​ခု​တိုင်​အောင်​မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော ဒု​က္ခ​သည် ထို​နေ့​ရက်​ကာ​လ၌ ဖြစ်​လိမ့်​မည်။- ထို​ကာ​လ​ကို ဘု​ရား​သ​ခင်​သည် တာ​ရှည်​စေ​လျှင်၊ အ​ဘယ်​သူ​မျှ မ​လွတ်​နိုင်​ရာ။ ရွေး​ချယ်​တော်​မူ​သော သူ​တို့​အ​ဖို့​အ​လို​ငှာ ထို​ကာ​လ​ကို တို​စေ​တော်​မူ​မည်။ ထို​အ​ခါ သူ​တစ်​ပါး​က၊ ဤ​အ​ရပ်၌ ခ​ရစ်​တော်​ရှိ​သည်၊ ထို​အ​ရပ်၌​ရှိ​သည်​ဟု ဆို​သော်​လည်း မ​ယုံ​ကြ​နှင့်။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏ အ​ယောင်​ကို​ဆောင်​သော​သူ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​သည် ပေါ်​လာ၍၊ ရွေး​ချယ်​သော​သူ​တို့​ကိုပင် လှ​ည့်​ဖြား​နိုင်​လျှင် လှ​ည့်​ဖြား​လောက်​အောင်​နိ​မိတ်​လ​က္ခ​ဏာ အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ကြ​လိမ့်​မည်။- သင်​တို့​သည် သ​တိ​ပြု​ကြ​လော့။ ထို​အ​ကြောင်း​အ​ရာ ရှိ​သ​မျှ​ကို ငါ​ပြော​နှင့်​ပြီ။ ထို​ကာ​လ၏ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​နောက်​မှ နေ​သည် မိုက်​လိမ့်​မည်။ လ​သည် အ​ရောင်​မ​ပေး။ ကောင်း​ကင်​ကြယ်​တို့​သည် ကျ​ကြ​လိမ့်​မည်။ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။- ထို​အ​ခါ လူ​သား​သည် ကြီး​စွာ​သော​ဘုန်း​တန်​ခိုး အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး၍ ကြွ​လာ​တော်​မူ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။- ထို​အ​ခါ လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို စေ​လွှတ်​သ​ဖြင့် မိ​မိ​ရွေး​ချယ်​သော​သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ ကောင်း​ကင်​အောက် ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍ စု​ရုံး​စေ​တော်​မူ​လ​တ္တံ့။

Video for ရှင်မာကု 13:1-27