YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 11:7-11

ရှင်မာကု 11:7-11 JBMLE

ယေ​ရှု​ထံ​တော်​သို့ မြည်း​က​လေး​ကို​ဆောင်​ခဲ့၍ မိ​မိ​တို့​အ​ဝတ်​ကို မြည်း​ကျော​ပေါ်​မှာ တင်​ကြ​ပြီး​လျှင် ကိုယ်​တော်​သည် စီး​တော်​မူ၏။- လူ​များ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို လမ်း၌ ခင်း​ကြ၏။ အ​ချို့​တို့​သည် သစ်​ကိုင်း​သစ်​ခက်​များ​ကို ခုတ်၍ လမ်း၌​ခင်း​ကြ၏။- ရှေ့​နောက် လိုက်​သွား​သော​သူ​တို့​က၊ ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။- ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ယ​ခု​တည်​လု​သော ငါ​တို့​အ​ဘ​ဒါ​ဝိဒ်၏ နိုင်​ငံ​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။- ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ဗိ​မာန်​တော်​သို့​လည်း​ကောင်း ဝင်၍ အ​ရာ​ရာ​တို့​ကို ကြည့်​ရှု​တော်​မူ​ပြီး​လျှင် မိုး​ချုပ်​သော​ကြောင့် တစ်​ကျိပ်​နှစ်​ပါး​သော သူ​တို့​နှင့်​တ​ကွ ဗေ​သ​နိ​ရွာ​သို့ ထွက်​ကြွ​တော်​မူ၏။