YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 11:15-19

ရှင်မာကု 11:15-19 JBMLE

ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​ကြသော​အ​ခါ ယေ​ရှု​သည် ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ ဗိ​မာန်​တော်၌ ရောင်း​ဝယ်​သော​သူ​တို့​ကို နှင်​ထုတ်၍ ပွဲ​စား​ခုံ​တို့​ကို​လည်း​ကောင်း၊ ချိုး​ငှက်​ရောင်း​သော​သူ​တို့၏ ထိုင်​ရာ​ကို​လည်း​ကောင်း တွန်း​လှဲ​တော်​မူ၍၊- ဗိ​မာန်​တော်​အထဲ၌ အ​ဆောက်​အ​ဦး​ကို အ​ဘယ်​သူ​မျှ မ​ဆောင်​မ​ရွက်​ရ​မည်​အ​ကြောင်း မြစ်​တား​တော်​မူ​လျက်၊- ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟု ကျမ်း​စာ၌​လာ​သည် မ​ဟုတ်​လော။ သို့​သော်​လည်း သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း​ဖြစ်​စေ​ကြ​ပြီး​တ​ကား ဟူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။- ကျမ်း​ပြု​ဆ​ရာ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ကြား​လျှင်၊ ကိုယ်​တော်​ကို သတ်​ရ​သော​အ​ခွင့်​ကို ရှာ​ကြံ​ကြ၏။ လူ​များ​အ​ပေါင်း​တို့​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​ခြင်း​ကို အံ့​ဩ​မိန်း​မော​သော​ကြောင့်၊ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ၏။- ည​အ​ချိန်​ရောက်​သော​အ​ခါ မြို့​ပြင်​သို့​ထွက်​တော်​မူ၏။