YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 11:12-26

ရှင်မာကု 11:12-26 JBMLE

နက်​ဖြန်​နေ့၌ ဗေ​သ​နိ​ရွာ​မှ ပြန်​ကြ​စဉ်​တွင် ဆာ​မွတ်​တော်​မူ၏။- အ​ရွက်​နှင့်​ပြည့်​စုံ​သော သင်္ဘော​သ​ဖန်း​ပင်​ကို အ​ဝေး​က​မြင်​လျှင်၊ သင်္ဘော​သ​ဖန်း​သီး ဆွတ်​သော​အ​ချိန်​ကာ​လ မ​ရောက်​သေး​သော​ကြောင့်၊ ထို​အ​ပင်၌ အ​သီး​ကို တွေ့​ကောင်း​တွေ့​လိမ့်​မည်​ဟု ကြွ​သွား၍ ရောက်​သော​အ​ခါ၊ အ​ရွက်​ကို​သာ တွေ့​တော်​မူ​သည်​ရှိ​သော်၊- ယ​ခု​မှ​စ၍ အ​စဉ်​မ​ပြတ် သင်၏​အ​သီး​ကို အ​ဘယ်​သူ​မျှ​မ​စား​စေ​နှင့်​ဟု မိန့်​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ကြား​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​ကြသော​အ​ခါ ယေ​ရှု​သည် ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​ပြီး​လျှင်၊ ဗိ​မာန်​တော်၌ ရောင်း​ဝယ်​သော​သူ​တို့​ကို နှင်​ထုတ်၍ ပွဲ​စား​ခုံ​တို့​ကို​လည်း​ကောင်း၊ ချိုး​ငှက်​ရောင်း​သော​သူ​တို့၏ ထိုင်​ရာ​ကို​လည်း​ကောင်း တွန်း​လှဲ​တော်​မူ၍၊- ဗိ​မာန်​တော်​အထဲ၌ အ​ဆောက်​အ​ဦး​ကို အ​ဘယ်​သူ​မျှ မ​ဆောင်​မ​ရွက်​ရ​မည်​အ​ကြောင်း မြစ်​တား​တော်​မူ​လျက်၊- ငါ့​အိမ်​ကို လူ​အ​မျိုး​မျိုး ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟု ကျမ်း​စာ၌​လာ​သည် မ​ဟုတ်​လော။ သို့​သော်​လည်း သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း​ဖြစ်​စေ​ကြ​ပြီး​တ​ကား ဟူ၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။- ကျမ်း​ပြု​ဆ​ရာ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ကြား​လျှင်၊ ကိုယ်​တော်​ကို သတ်​ရ​သော​အ​ခွင့်​ကို ရှာ​ကြံ​ကြ၏။ လူ​များ​အ​ပေါင်း​တို့​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​ခြင်း​ကို အံ့​ဩ​မိန်း​မော​သော​ကြောင့်၊ ထို​သူ​တို့​သည် ကိုယ်​တော်​ကို ကြောက်​ရွံ့​ကြ၏။- ည​အ​ချိန်​ရောက်​သော​အ​ခါ မြို့​ပြင်​သို့​ထွက်​တော်​မူ၏။ နံ​နက်​အ​ချိန်​တွင် လမ်း၌​သွား​ကြ​စဉ်၊ သင်္ဘော​သ​ဖန်း​ပင်​သည် အ​မြစ်​မှ​စ၍ သွေ့​ခြောက်​လျက်​ရှိ​သည်​ကို မြင်​ကြ၏။- ပေ​တ​ရု​သည် သ​တိ​ရ​လျှင်၊ အ​ရှင်​ဘု​ရား ကြည့်​တော်​မူ​ပါ။ ကျိန်​တော်​မူ​သော သင်္ဘော​သ​ဖန်း​ပင်​သည် သွေ့​ခြောက်​ပါ​ပြီ​တ​ကား​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ခြင်း ရှိ​ကြ​လော့။- ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ မိ​မိ​ဆို​သည်​အ​တိုင်း ဖြစ်​မည်​ဟု ယုံ​ကြည်​လျက်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌ ကျ​လော့​ဟု​ဆို​လျှင်၊ ထို​သူ​ဆို​သည်​အ​တိုင်း၊ ဖြစ်​လိမ့်​မည်။- ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သင်​တို့​သည် ဆု​ကျေး​ဇူး​ကို​ရ​မည်​ဟု ယုံ​ကြည်​သော​စိတ်​နှင့် ဆု​တောင်း​သ​မျှ​တို့​ကို ရ​ကြ​လိမ့်​မည်။- သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သူ​တစ်​ပါး၌ အ​ပြစ်​တင်​ခွင့်​ရှိ​လျှင်၊ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။- သင်​တို့​သည် သူ့​အ​ပြစ်​ကို မ​လွှတ်​လျှင်၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မ​မူ​ဟု မိန့်​တော်​မူ၏။