YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 11:1-10

ရှင်မာကု 11:1-10 JBMLE

ယေ​ရု​ရှ​လင်​မြို့​နှင့် အ​နီး​သံ​လွင်​တောင်​ခြေ​ရင်း၌ ဗက်​ဖာ​ဂေ​ရွာ​နှ​င့် ဗေ​သ​နိ​ရွာ​သို့ ရောက်​ကြ​သေ​အ​ခါ တ​ပည့်​တော်​နှစ်​ယောက်​တို့​ကို စေ​လွှတ်​တော်​မူ၍၊- သင်​တို့​ရှေ့၌ ရှိ​သော​ရွာ​သို့ သွား​ကြ။ ထို​ရွာ​သို့​ရောက်​လျှင် အ​ဘယ်​သူ​မျှ မ​စီး​ဖူး​သော မြည်း​က​လေး ချည်​နှောင်​လျက်​ရှိ​သည်​ကို သင်​တို့​သည် ချက်​ချင်း​တွေ့​လိမ့်​မည်။ မြည်း​ကြိုး​ကို ဖြည်၍ ဆောင်​ခဲ့​ကြ။- သူ​တစ်​ပါး​က၊ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု သင်​တို့​အား​ဆို​လျှင်၊ သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့။ ထို​သို့​ပြော​လျှင် ထိုသူ​သည် ချက်​ချင်း​ပေး​လိုက်​မည်​ဟု မှာ​ထား​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် သွား၍ လမ်း၌​တံ​ခါး​ပြင်​မှာ ချည်​ထား​သော မြည်း​က​လေး​ကို တွေ့​ပြီး​လျှင် မြည်း​ကြိုး​ကို ဖြည်​ကြ၏။- ထို​အ​ရပ်၌ ရပ်​နေ​သောသူ​အ​ချို့​တို့​က၊ အ​ဘယ်​ကြောင့် မြည်း​ကြိုး​ကို​ဖြည်​သ​နည်း​ဟု ဆို​လျှင်၊- ယေ​ရှု​မှာ​ထား​တော်​မူ​သည်​အ​တိုင်း တ​ပည့်​တော်​တို့​သည် ပြန်​ပြော​ပြီး​မှ ထို​သူ​တို့​သည် အ​ခွင့်​ပေး​ကြ၏။- ယေ​ရှု​ထံ​တော်​သို့ မြည်း​က​လေး​ကို​ဆောင်​ခဲ့၍ မိ​မိ​တို့​အ​ဝတ်​ကို မြည်း​ကျော​ပေါ်​မှာ တင်​ကြ​ပြီး​လျှင် ကိုယ်​တော်​သည် စီး​တော်​မူ၏။- လူ​များ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို လမ်း၌ ခင်း​ကြ၏။ အ​ချို့​တို့​သည် သစ်​ကိုင်း​သစ်​ခက်​များ​ကို ခုတ်၍ လမ်း၌​ခင်း​ကြ၏။- ရှေ့​နောက် လိုက်​သွား​သော​သူ​တို့​က၊ ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။- ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ယ​ခု​တည်​လု​သော ငါ​တို့​အ​ဘ​ဒါ​ဝိဒ်၏ နိုင်​ငံ​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။