YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 10:32-52

ရှင်မာကု 10:32-52 JBMLE

ယေ​ရု​ရှ​လင်​မြို့​သို့ တက်​သွား​ကြ​ရာ၊ လမ်း​မှာ ယေ​ရှု​သည် တ​ပည့်​တော်​တို့​ရှေ့၌ ကြွ​တော်​မူ​စဉ်၊ သူ​တို့​သည် မိန်း​မော​တွေ​ဝေ၍ ကြောက်​ရွံ့​သော​စိတ်​နှင့် လိုက်​ကြ၏။ ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​တို့​ကို တစ်​ဖန်​ခေါ်၍၊ ငါ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ ယ​ခု​သွား​ကြ၏။- လူ​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​သူ​တို့​သည် သေ​ပြစ်​ကို စီ​ရင်၍ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။- သူ​တို့​သည်​လည်း လူ​သား​အား ပြက်​ရယ်​ပြု​ခြင်း၊ ရိုက်​ပုတ်​ခြင်း၊ တံ​တွေး​နှင့်​ထွေး​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ပြု​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ၍ မိ​မိ​ကိုယ်၌​ရောက်​လ​တ္တံ့​သော အ​မှု​အ​ရာ​တို့​ကို တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ထို​အ​ခါ ဇေ​ဗေ​ဒဲ၏​သား ယာ​ကုပ်​နှင့် ယော​ဟန်​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​တောင်း​သော ဆု​ကျေး​ဇူး​ကို ပြု​တော်​မူ​စေ​ချင်​ပါ​သည်​ဟု လျှောက်​လေ၏။- ကိုယ်​တော်​က၊ ငါ​သည်​သင်​တို့​ကို အ​ဘယ်​သို့ ပြု​စေ​ချင်​သ​နည်း​ဟု မေ​တော်​မူ​သော်၊- ကိုယ်​တော်​သည် ဘုန်း​ပွင့်​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​တို့​သည် လက်​ယာ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌ တစ်​ယောက် ထိုင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​တောင်း​ပန်​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​သော​ခွက်​ကို သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊- အ​ကျွန်ုပ်​တို့​သည် တတ်​စွမ်း​နိုင်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က၊ ငါ​သောက်​သော​ခွက်​ကို သင်​တို့​သည် သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို​လည်း သင်​တို့​သည် ခံ​ရ​ကြ​လိမ့်​မည်။- သို့​သော်​လည်း ငါ့​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ထိုင်​ရ​သော​အ​ခွင့်​ကို​ကား အ​ကြင်​သူ​တို့​အ​ဖို့​အ​လို​ငှာ ပြင်​ဆင်၏၊ ထို​သူ​တို့​အား​သာ ငါ​ပေး​ပိုင်​သည်​ဟု မိန့်​တော်​မူ၏။ အ​ခြား​သော တ​ပည့်​တော်​တစ်​ကျိပ်​တို့​သည် ကြား​သိ​လျှင်၊ ယာ​ကုပ်​နှင့် ယော​ဟန်​တို့​ကို အ​မျက်​ထွက်​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့​ကို​ခေါ်​တော်​မူ၍၊ သင်​တို့​သိ​သည်​အ​တိုင်း လော​ကီ​မင်း​တို့​သည် အ​စိုး​တ​ရ​ပြု​တတ်​ကြ၏။ အ​ကဲ​အ​မှူး​တို့​သည် အာ​ဏာ​ထား​တတ်​ကြ၏။- သင်​တို့​မူ​ကား၊ ထို​သို့​မ​ပြု​ကြ​နှင့်။ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​လို​သော​သူ​သည် သင်​တို့​အ​စေ​ခံ ဖြစ်​ရ​မည်။- သင်​တို့​တွင် အ​ထွဋ်​အ​မြတ်​လုပ်​ချင်​သော​သူ​သည်​လည်း အ​လုံး​စုံ​တို့၏​စေ​ခိုင်း​ရာ ကျွန်​ဖြစ်​ရ​မည်။- အ​ကြောင်း​မူ​ကား၊ လူ​သား​သည် သူ​တစ်​ပါး​ကို စေ​စား​ခြင်း​ငှာ​မ​လာ၊ သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။ ယေ​ရိ​ခေါ​မြို့​သို့ ရောက်​ကြ​လျှင်၊ တ​ပည့်​တော်​တို့​မှ​စ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ထို​မြို့​မှ ထွက်​ကြွ​တော်​မူ​စဉ်​တွင်၊ တိ​မဲ၏​သား ဗာ​တိ​မဲ​အ​မည်​ရှိ​သော လူ​ကန်း​သည် လမ်း​နား​မှာ​ထိုင်၍ တောင်း​စား​လေ၏။- နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ရှိ​ကြောင်း​ကို ကြား​ရ​လျှင်၊ ဒါ​ဝိဒ်၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။- ထို​သူ​ကို တိတ်​ဆိတ်​စွာ​နေ​စေ​ခြင်း​ငှာ လူ​အ​များ​တို့​သည် ငေါက်၍​ဆို​ကြ​သော်​လည်း၊ ဒါ​ဝိဒ်၏​သား​တော်၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု သာ၍ ဟစ်​ကြော်​လေ​သော်၊- ယေ​ရှု​သည် ရပ်​တော်​မူ​လျက်၊ ထို​သူ​ကို​ခေါ်​ခဲ့​ဟု အ​မိန့်​တော်​ရှိ၏။ သူ​တစ်​ပါး​တို့​သည် လူ​ကန်း​ကို​ခေါ်၍ မ​စိုး​ရိမ်​နှင့်၊ ထ​လော့။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု ဆို​ကြ၏။- ထို​သူ​သည် မိ​မိ​အ​ဝတ်​ကို ပစ်​ချ​ထား​ပြီး​လျှင်၊ ထ၍ ယေ​ရှု​ထံ​တော်​သို့​သွား၏။- ယေ​ရှု​က​လည်း၊ သင်၌ အ​ဘယ်​သို့ ပြု​စေ​လို​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊- အ​ရှင်​ဘု​ရား အ​ကျွန်ုပ်​မျက်​စိ​မြင်​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​ဟု လူ​ကန်း​လျှောက်​လေ​သော်၊ ယေ​ရှု​က၊ သွား​လော့။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​မ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် ထို​သူ​သည် မျက်​စိ​မြင်၍ လမ်း၌​နောက်​တော်​သို့ လိုက်​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။