YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 10:28-31

ရှင်မာကု 10:28-31 JBMLE

ထို​အ​ခါ၊ ပေ​တ​ရု​က၊ အ​ကျွန်ုပ်​တို့​သည် ရှိ​သ​မျှ​ကို​စွန့်​ပစ်၍ ကိုယ်​တော်​နောက်​သို့ လိုက်​ကြ​ပါ​ပြီ​ဟု လျှောက်​လေ​သော်၊- ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ငါ့​ကြောင့်​လည်း​ကောင်း၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်​လည်း​ကောင်း၊ အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ မိ​ဘ၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို​စွန့်၏။- ထို​သူ​သည် အ​ဆ​တ​ရာ​သော အ​ကျိုး​တည်း​ဟူ​သော ယ​ခု​ကာ​လ၌ ညှဉ်း​ဆဲ​ခြင်း​နှင့်​တ​ကွ အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ အ​မိ၊ သား​သ​မီး​တို့​ကို​လည်း​ကောင်း၊ နောင်​ဘ​ဝ၌ ထာ​ဝ​ရ​အ​သက်​ကို​လည်း​ကောင်း ခံ​ရ​လ​တ္တံ့။- နောက်​ကျ​သော​သူ​အ​များ​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ​အ​များ​တို့​သည် နောက်​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။