YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 10:13-16

ရှင်မာကု 10:13-16 JBMLE

ထို​အ​ခါ သူ​ငယ်​တို့​ကို လက်​တော်​နှင့် တို့​စေ​ခြင်း​ငှာ အ​ထံ​တော်​သို့ ဆောင်​ခဲ့​သည်​ဖြစ်၍၊ တ​ပည့်​တော်​တို့​သည် ဆောင်​ခဲ့​သော​သူ​တို့​ကို အ​ပြစ်​တင်​ကြ၏။- ယေ​ရှု​သည် မြင်​တော်​မူ​လျှင် အ​မျက်​တော်​ထွက်၍၊ ထို​သူ​ငယ်​တို့​ကို ငါ့​ထံ​သို့​လာ​ပါ​လေ​စေ။ မ​ဆီး​တား​ကြ​နှင့်။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။- ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို သူ​ငယ်​ကဲ့​သို့​မ​ခံ​မ​ယူ၊ ထို​သူ​သည် နိုင်​ငံ​တော်​သို့​မ​ဝင်​ရ​ဟု မိန့်​တော်​မူ​ပြီး​မှ၊- သူ​ငယ်​တို့​ကို ချီ​ပိုက်၍ သူ​တို့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​လျက် ကောင်း​ချီး​ပေး​တော်​မူ၏။