YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 10:1-8

ရှင်မာကု 10:1-8 JBMLE

ထို​အ​ရပ်​မှ ကိုယ်​တော်​သည် ထ၍ ယော်​ဒန်​မြစ်​တစ်​ဖက်​ကို လျှောက်​သွား​သ​ဖြင့် ယု​ဒ​ပြည်​စွန်း​သို့ ရောက်​တော်​မူ၏။ လူ​များ​တို့​သည် အ​ထံ​တော်၌​စု​ဝေး​ပြန်၍၊ ထုံး​စံ​ရှိ​တော်​မူ​သည်​အ​တိုင်း တစ်​ဖန် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။- ဖာ​ရိ​ရှဲ​တို့​သည် အ​ထံ​တော်​သို့​လာ၍၊ လူ​သည် မိ​မိ​မ​ယား​နှင့် ကွာ​အပ်​သ​လော​ဟု စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​ကြ​သော်၊- ယေ​ရှု​က၊ မော​ရှေ​သည် သင်​တို့​အား အ​ဘယ်​သို့ စီ​ရင်​သ​နည်း​ဟု လှန်၍ မေး​တော်​မူ​လျှင်၊- သူ​တို့​က၊ ဖြတ်​စာ​ကို​ပေး၍ မ​ယား​နှင့် ကွာ​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​ပါ​သည်​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​စိတ်​နှ​လုံး ခိုင်​မာ​သော​ကြောင့် မော​ရှေ​သည် ထို​ပ​ညတ်​ကို ရေး​ထား​သ​တည်း။- ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​စ​က ယောက်ျား​နှင့် မိန်း​မ နှစ်​ယောက်​တည်း​ကို ဖန်​ဆင်း​တော်​မူ၏။- ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍ ကိုယ်​ခင်​ပွန်း၌ မှီ​ဝဲ​သ​ဖြင့်၊- ထို​သူ​နှစ်​ယောက်​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။ ထို​ကြောင့် လင်​မ​ယား​တို့​သည် နှစ်​ဦး​မ​ဟုတ် တစ်​ဦး​တည်း​ဖြစ်၏။

​ရှင်မာကု 10:1-8 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။