YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 1:9-15

ရှင်မာကု 1:9-15 JBMLE

ထို​အ​ခါ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​နာ​ဇ​ရက်​မြို့​မှ ကြွ​လာ၍ ယော​ဟန်​လက်​ဖြင့် ယော်​ဒန်​မြစ်၌ ဗ​တ္တိ​ဇံ​ကို ခံ​တော်​မူ၏။- ရေ​မှ​ပေါ်​ထ​စဉ်​တွင် ကောင်း​ကင်​ကွဲ၍ ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ကိုယ်​တော်​အ​ပေါ်၌ ဆင်း​သက်​တော်​မူ​သည်​ကို မြင်​ရ၍၊- သင်​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။ ထို​ခ​ဏ​ချင်း​တွင် ဝိ​ညာဉ်​တော်​သည် ယေ​ရှု​ကို တော​သို့ သွား​စေ​တော်​မူ၏။- အ​ရက်​လေး​ဆယ်​ပတ်​လုံး ထို​တော၌​နေ၍ စာ​တန်၏ စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​တော်​မူ၏။ သား​ရဲ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ကောင်း​ကင်​တ​မန်​တို့​သည်​လည်း လုပ်​ကျွေး​ကြ၏။ ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​သည်​နောက်၊ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​လျှင်၊- အ​ချိန်​ပြည့်​စုံ​ပြီ၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ၊ နောင်​တ​ရ​ကြ​လော့။ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ယုံ​ကြည်​ကြ​လော့​ဟူ​သော ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။

ရှင်မာကု 1:9-15 အကြောင်း ဗီဒီယိုများ