YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 1:40-45

ရှင်မာကု 1:40-45 JBMLE

နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ၍ ဒူး​ထောက်​လျက်၊ ကိုယ်​တော်​အ​လို​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။- ယေ​ရှု​သည် သ​နား​သော​စိတ်​ရှိ​သ​ဖြင့် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို​တို့​လျက်၊ ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ၏။- ထို​သို့ မိန့်​တော်​မူ​သည် ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့ ရောက်​လေ၏။- ယေ​ရှု​က​လည်း၊ သင်​သ​တိ​ပြု။- အ​ဘယ်​သူ​အား စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သန့်​ရှင်း​ခြင်း​သို့ ရောက်​သည်​အ​တွက်၊ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မြစ်​တား၍ ချက်​ချင်း လွှတ်​လိုက်​တော်​မူ၏။- ထို​သူ​သည် ထွက်​သွား၍ စ​ကား​များ​သော​အား​ဖြင့် ထို​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ကျော်​စော​စေ၏။ ထို​ကြောင့် ကိုယ်​တော်​သည် နောက်​တစ်​ဖန် မြို့​ထဲ​သို့ ထင်​ရှား​စွာ​မ​ဝင်​ရ​ဘဲ၊ မြို့​ပြင်​တော​အ​ရပ်၌​သာ နေ​တော်​မူ၍ အ​ရပ်​ရပ်​တို့​မှ အ​ထံ​တော်​သို့ ရောက်​လာ​ကြ၏။

ရှင်မာကု 1:40-45 အကြောင်း ဗီဒီယိုများ