YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 1:21-45

ရှင်မာကု 1:21-45 JBMLE

က​ပေရ​နောင်​မြို့​သို့ သွား​ကြ​လျှင်၊ ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ချက်​ချင်း​တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။- ပ​ရိ​သတ်​တို့​သည်​လည်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​ခြင်း​ကို အ​လွန်​အံ့​ဩ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကျမ်း​ပြု​ဆ​ရာ​နည်း​တူ မ​ဟုတ်၊ အ​စိုး​ရ​သော​သူ​နည်း​တူ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။- ထို​သူ​တို့၏​တ​ရား​ဇ​ရပ်၌ ညစ်​ညူး​သော​နတ် စွဲ​သော​သူ​ရှိ၍၊- ဪ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ လာ​သ​လော။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​တော်​မူ​သော​သူ ဖြစ်​ပါ​သည်​ဟု ဟစ်​ကြော်​လေ၏။- ယေ​ရှု​က​လည်း တိတ်​ဆိတ်​စွာ​နေ​လော့။ ထို​သူ၏​အ​ထဲ​က ထွက်​သွား​လော့​ဟု ဆုံး​မ​တော်​မူ​လျှင်၊- ညစ်​ညူး​သော​နတ်​သည် ထို​သူ​ကို တောင့်​မာ​စေ​ပြီး​မှ၊ ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ ထွက်​သွား၏။- လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ၍၊ ဤ​အ​မှု​သည် အ​ဘယ်​သို့​နည်း။ ဤ​ဆုံး​မ​ခြင်း​အ​သစ်​သည် အ​ဘယ်​သို့​နည်း။ ညစ်​ညူး​သော​နတ်​တို့​ကို​ပင် အာ​ဏာ​နှင့်​မှာ​ထား၍၊ သူ​တို့​သည် နား​ထောင်​ကြ​သည်​တ​ကား​ဟု အ​ချင်း​ချင်း မေး​မြန်း​ပြော​ဆို​ကြ၏။- သ​တင်း​တော်​သည်​လည်း ဂါ​လိ​လဲ​ပြည်​အ​ရပ်​ရပ်​တို့၌ ချက်​ချင်း နှံ့​ပြား​ကျော်​စော​လေ၏။ တ​ရား​ဇ​ရပ်​မှ ထွက်​ကြ​လျှင်၊ ရှိ​မုန်၊ အ​န္ဒြေ​တို့​အိမ်​သို့ ယာ​ကုပ်၊ ယော​ဟန်​နှင့်​တ​ကွ ချက်​ချင်း​သွား​ကြ၏။- ရှိ​မုန်၏​ယော​က္ခ​မ​သည် ဖျား​နာ​စွဲ၍ တုံး​လုံး​နေ​သည်​အ​ကြောင်း​ကို အ​လျင်​အ​မြန် လျှောက်​ကြ၏။- ကိုယ်​တော်​သည်​လာ၍ ထို​မိန်း​မ၏​လက်​ကို ကိုင်​လျက် ချီ​ကြွ​တော်​မူ​သည် ခ​ဏ​ချင်း​တွင် သူ​သည် အ​ဖျား​ပျောက်၍ ဧည့်​သည်​ဝတ်​ကို ပြု​လေ၏။ နေ​ဝင်၍ ည​အ​ချိန်​ရောက်​လျှင်၊ မ​ကျန်း​မ​မာ​သော​သူ​နှင့် နတ်​ဆိုး​စွဲ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊- တစ်​မြို့​လုံး​သည် တံ​ခါး​နား​မှာ စု​ဝေး​လျက်​ရှိ​ကြ၏။- အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​စွဲ​သော​သူ​များ​တို့​ကို သက်​သာ​စေ​တော်​မူ၏။ နတ်​ဆိုး​များ​တို့​ကို​လည်း နှင်​ထုတ်​တော်​မူ၏။ နတ်​ဆိုး​တို့​သည် ကိုယ်​တော်​ကို သိ​ကြ​သော​ကြောင့်၊ စ​ကား​တစ်​ခွန်း​ကို​မျှ ပြော​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ နံ​နက်​အ​ချိန်၊ မိုး​မ​လင်း​မီ ကိုယ်​တော်​သည် ထ​ပြီး​လျှင် တော​အ​ရပ်​သို့​ထွက်​ကြွ၍ ဆု​တောင်း​တော်​မူ၏။- ရှိ​မုန်​နှင့် သူ၏​အ​ပေါင်း​အ​ဖော်​တို့​သည် လိုက်၍​ရှာ​ကြ​သော်၊- ကိုယ်​တော်​ကို​တွေ့​လျှင် လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ရှာ​ကြ​ပါ​သည်​ဟု လျှောက်​ဆို၏။- ကိုယ်​တော်​က​လည်း ငါ​သည် နီး​စပ်​သော​မြို့​ရွာ​တို့၌ တ​ရား​ဟော​ခြင်း​ငှာ သွား​ကြ​ကုန်​အံ့။ ထို​သို့​အ​လို့​ငှာ ငါ​ကြွ​လာ​ပြီ​ဟု မိန့်​တော်​မူ၍၊- ဂါ​လိ​လဲ​ပြည်​အ​ရပ်​ရပ် တ​ရား​ဇ​ရပ်​တို့၌ တ​ရား​ဟော​လျက် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​လျက် နေ​တော်​မူ၏။ နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ၍ ဒူး​ထောက်​လျက်၊ ကိုယ်​တော်​အ​လို​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု တောင်း​ပန်​လေ၏။- ယေ​ရှု​သည် သ​နား​သော​စိတ်​ရှိ​သ​ဖြင့် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို​တို့​လျက်၊ ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ၏။- ထို​သို့ မိန့်​တော်​မူ​သည် ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့ ရောက်​လေ၏။- ယေ​ရှု​က​လည်း၊ သင်​သ​တိ​ပြု။- အ​ဘယ်​သူ​အား စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သန့်​ရှင်း​ခြင်း​သို့ ရောက်​သည်​အ​တွက်၊ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မြစ်​တား၍ ချက်​ချင်း လွှတ်​လိုက်​တော်​မူ၏။- ထို​သူ​သည် ထွက်​သွား၍ စ​ကား​များ​သော​အား​ဖြင့် ထို​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ကျော်​စော​စေ၏။ ထို​ကြောင့် ကိုယ်​တော်​သည် နောက်​တစ်​ဖန် မြို့​ထဲ​သို့ ထင်​ရှား​စွာ​မ​ဝင်​ရ​ဘဲ၊ မြို့​ပြင်​တော​အ​ရပ်၌​သာ နေ​တော်​မူ၍ အ​ရပ်​ရပ်​တို့​မှ အ​ထံ​တော်​သို့ ရောက်​လာ​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။