YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 1:1-13

ရှင်မာကု 1:1-13 JBMLE

ဘု​ရား​သ​ခင်​သား​တော်​ယေ​ရှု​ခ​ရစ်၏ ဧ​ဝံ​ဂေ​လိ​တ​ရား၏ အ​စ​ကို ဆို​ပေ​အံ့။- အ​နာ​ဂ​တ္တိ​ကျမ်း​စာ၌ လာ​သည်​ကား၊ ကြည့်​ရှု​လော့။ သင်​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို သင့်​ရှေ့၌ ငါ​စေ​လွှတ်၏။- တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။ လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့​ဟု လာ​သည်​နှင့် အ​ညီ၊- ယော​ဟန်​သည် တော၌ ဗ​တ္တိ​ဇံ​ကို​ပေး​လျက်၊ အ​ပြစ်​လွှတ်​ခြင်း​အ​ဖို့​အ​လို​ငှာ နောင်​တ​နှင့် စပ်​ဆိုင်​သော ဗ​တ္တိ​ဇံ​တ​ရား​ကို ဟော​လျက် ပေါ်​ထွန်း၏။- ယေ​ရု​ရှ​လင်​မြို့​သား​များ​မှ​စ၍ ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် ယော​ဟန်​ထံ​သို့ ထွက်​သွား၍ မိ​မိ​တို့ အ​ပြစ်​များ​ကို​ဖော်​ပြ​လျက် ယော်​ဒန်​မြစ်၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။- ယော​ဟန်​သည် ကု​လား​အုတ်​အ​မွေး​နှင့် ရက်​သော​အ​ဝတ်​ကို ဝတ်​လျက်၊ ခါး၌ သား​ရေ​ခါး​ပန်း​ကို စည်း​လျက်၊ ကျိုင်း​ကောင်​နှင့် တော၌​ဖြစ်​သော​ပျား​ရည်​ကို စား​လျက်​နေ၏။- ဟော​ချက်​စ​ကား​ဟူ​မူ​ကား၊ ငါ့​ထက် တတ်​စွမ်း​နိုင်​သော​သူ​သည် ငါ့​နောက်​ကြွ​လာ၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ငုံ့၍​ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။- ငါ​သည် သင်​တို့​အား ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ ထို​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်​ဟု ဟော​သ​တည်း။ ထို​အ​ခါ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​နာ​ဇ​ရက်​မြို့​မှ ကြွ​လာ၍ ယော​ဟန်​လက်​ဖြင့် ယော်​ဒန်​မြစ်၌ ဗ​တ္တိ​ဇံ​ကို ခံ​တော်​မူ၏။- ရေ​မှ​ပေါ်​ထ​စဉ်​တွင် ကောင်း​ကင်​ကွဲ၍ ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ကိုယ်​တော်​အ​ပေါ်၌ ဆင်း​သက်​တော်​မူ​သည်​ကို မြင်​ရ၍၊- သင်​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။ ထို​ခ​ဏ​ချင်း​တွင် ဝိ​ညာဉ်​တော်​သည် ယေ​ရှု​ကို တော​သို့ သွား​စေ​တော်​မူ၏။- အ​ရက်​လေး​ဆယ်​ပတ်​လုံး ထို​တော၌​နေ၍ စာ​တန်၏ စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​တော်​မူ၏။ သား​ရဲ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ကောင်း​ကင်​တ​မန်​တို့​သည်​လည်း လုပ်​ကျွေး​ကြ၏။

Video for ရှင်မာကု 1:1-13