အချင်းရန်သူ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက်ခြင်း မရှိနှင့်။ ငါလဲသော်လည်း ထဦးမည်။ မှောင်မိုက်၌ ထိုင်ရသော်လည်း၊ ထာဝရဘုရားသည် ငါ၏အလင်းဖြစ်တော်မူလိမ့်မည်။ ငါသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ အမျက်တော်ကို ခံရ၏။ ငါ့အမှုကို စစ်ကြော၍ တရားဆုံးဖြတ်တော် မမူမီတိုင်အောင် ငါခံရ၏။ ငါ့ကို အလင်းထဲသို့ထုတ်၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်း ပါရမီတော်ကို ငါမြင်ရလိမ့်မည်။ သင်၏ ဘုရားသခင် ထာဝရဘုရားကား၊ အဘယ်မှာရှိသနည်းဟုမေးသော ငါ့ရန်သူသည် ထိုအမှုကို မြင်၍ ရှက်ကြောက်လိမ့်မည်။ သူ၌ ငါ့စိတ်ပြေလိမ့်မည်။ သူသည် လမ်းမှာ ရွှံ့ကဲ့သို့ ကျော်နင်းခြင်းကို ခံရလိမ့်မည်။ သင်၏မြို့ရိုးတည်သောကာလသည် ရောက်လိမ့်မည်။ အမိန့်တော်အရှိန် ကုန်လိမ့်မည်။ ထိုကာလ၌ အာရှုရိပြည်နှင့် အဲဂုတ္တုမြို့များမှလည်းကောင်း၊ အဲဂုတ္တုပြည်နှင့် မြစ်ကြီးစပ်ကြား အရပ်မှလည်းကောင်း၊ ပင်လယ်ကမ်းနားအရပ်ရပ်၊ တောင်ခြေရင်း အရပ်ရပ်တို့မှလည်းကောင်း၊ သင့်ထံသို့ လာကြလိမ့်မည်။
မိက္ခာ 7 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: မိက္ခာ 7:8-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ