YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာ 7:8-12

မိက္ခာ 7:8-12 JBMLE

အ​ချင်း​ရန်​သူ၊ ငါ့​အ​ပေါ်​မှာ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း မ​ရှိ​နှင့်။ ငါ​လဲ​သော်​လည်း ထ​ဦး​မည်။ မှောင်​မိုက်၌ ထိုင်​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း​ဖြစ်​တော်​မူ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ အ​မျက်​တော်​ကို ခံ​ရ၏။ ငါ့​အ​မှု​ကို စစ်​ကြော၍ တ​ရား​ဆုံး​ဖြတ်​တော် မ​မူ​မီ​တိုင်​အောင် ငါ​ခံ​ရ၏။ ငါ့​ကို အ​လင်း​ထဲ​သို့​ထုတ်၍ နေ​ရာ​ပေး​တော်​မူ​သော​အား​ဖြင့် ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​တော်​ကို ငါ​မြင်​ရ​လိမ့်​မည်။ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု​မေး​သော ငါ့​ရန်​သူ​သည် ထို​အ​မှု​ကို မြင်၍ ရှက်​ကြောက်​လိမ့်​မည်။ သူ၌ ငါ့​စိတ်​ပြေ​လိမ့်​မည်။ သူ​သည် လမ်း​မှာ ရွှံ့​ကဲ့​သို့ ကျော်​နင်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သင်၏​မြို့​ရိုး​တည်​သော​ကာ​လ​သည် ရောက်​လိမ့်​မည်။ အ​မိန့်​တော်​အ​ရှိန် ကုန်​လိမ့်​မည်။ ထို​ကာ​လ၌ အာ​ရှု​ရိ​ပြည်​နှင့် အဲ​ဂု​တ္တု​မြို့​များ​မှ​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​နှင့် မြစ်​ကြီး​စပ်​ကြား အ​ရပ်​မှ​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​နား​အ​ရပ်​ရပ်၊ တောင်​ခြေ​ရင်း အ​ရပ်​ရပ်​တို့​မှ​လည်း​ကောင်း၊ သင့်​ထံ​သို့ လာ​ကြ​လိမ့်​မည်။