YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာ 7:6-8

မိက္ခာ 7:6-8 JBMLE

အ​ကြောင်း​မူ​ကား၊ သား​သည် အ​ဘ၏​အ​သ​ရေ​ကို ဖျက်​လိမ့်​မည်။ သ​မီး​သည် အ​မိ​ကို​လည်း​ကောင်း၊ ချွေး​မ​သည် ယော​က္ခ​မ​ကို​လည်း​ကောင်း ရန်​ဘက်​ပြု​လိမ့်​မည်။ ကိုယ်​အိမ်​သူ​အိမ်​သား​တို့​သည်​လည်း ကိုယ်​ရန်​သူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​မည်။ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​ခို​လှုံ​မည်။ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​မည်။ အ​ချင်း​ရန်​သူ၊ ငါ့​အ​ပေါ်​မှာ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း မ​ရှိ​နှင့်။ ငါ​လဲ​သော်​လည်း ထ​ဦး​မည်။ မှောင်​မိုက်၌ ထိုင်​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း​ဖြစ်​တော်​မူ​လိမ့်​မည်။