YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာ 5:2-4

မိက္ခာ 5:2-4 JBMLE

အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။ သို့​ဖြစ်၍၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော မိန်း​မ​သည် မ​ဖွား​မီ​တိုင်​အောင်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​တ​ကွ ကျန်​ကြွင်း​သော ညီ​အစ်​ကို​တို့​သည် မ​ပြောင်း​လဲ​မီ တိုင်​အောင်​လည်း​ကောင်း၊ သူ​တို့​ကို စွန့်​ပစ်​တော်​မူ​လိမ့်​မည်။ ထို​သ​ခင်​သည် ရပ်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​စွမ်း​သ​တ္တိ​နှင့်​လည်း​ကောင်း၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော် တန်​ခိုး​အာ​နု​ဘော်​နှင့်​လည်း​ကောင်း၊ မိ​မိ​သိုး​စု​ကို ကျွေး​မွေး​လိမ့်​မည်။ သူ​တို့​သည်​လည်း တည်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သ​ခင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် အ​စိုး​ရ၍၊ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ​လိမ့်​မည်။