YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိက္ခာ 1:1-16

မိက္ခာ 1:1-16 JBMLE

ယု​ဒ​ရှင်​ဘု​ရင် ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​တို့​လက်​ထက်၌ မော​ရ​ရှ​ရွာ​သား မိ​က္ခာ​သည် ရှ​မာ​ရိ​မြို့​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ခံ​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊ အို လူ​များ​အ​ပေါင်း​တို့၊ ကြား​ကြ​လော့။ အို ပြည်​နှင့် ပြည်​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော သန့်​ရှင်း​သော​ဗိ​မာန်​တော်​ထဲ​က ဘု​ရား​ရှင်​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ခံ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ် ဌာ​န​တော်​ထဲ​က ထွက်​ကြွ​ဆင်း​သက်၍၊ မြင့်​သော မြေ​အ​ရပ်​တို့​ကို နင်း​တော်​မူ​မည်။ မီး​ရှေ့​မှာ ဖ​ယောင်း​ကဲ့​သို့​လည်း​ကောင်း၊ ချောက်​ကြီး​မှ ဆင်း​သော​ရေ​ကဲ့​သို့​လည်း​ကောင်း ရှေ့​တော်၌ တောင်​တို့​သည် အ​ရည်​ဖြစ်၍၊ ချိုင့်​တို့​သည်​လည်း အက်​ကွဲ​ကြ​လိမ့်​မည်။ ထို​အ​မှု​သည် ယာ​ကုပ်​လွန်​ကျူး၍ ဣ​သ​ရေ​လ​အ​မျိုး​ပြစ်​မှား​သော​ကြောင့် ရောက်​သ​တည်း။ ယာ​ကုပ်​လွန်​ကျူး​ရာ​ကား အ​ဘယ်​သို့​နည်း။ ရှ​မာ​ရိ​မြို့​မ​ဟုတ်​လော။ ယု​ဒ၏​မြင့်​ရာ​အ​ရပ်​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သည်​မ​ဟုတ်​လော။ ထို​ကြောင့်၊ ရှ​မာ​ရိ​မြို့​ကို လယ်​ပြင်၌ မြေ​ပုံ​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ် စိုက်​ရာ​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်​စေ​မည်။ မြို့​ရိုး​ကျောက်​တို့​ကို ချိုင့်​ထဲ​သို့ သွန်​ပစ်၍၊ မြို့​ရိုး​အ​မြစ်​ကို လှန်​ပြ​မည်။ ခပ်​သိမ်း​သော ရုပ်​တု​ဆင်း​တု​တို့​ကို ချိုး​ဖဲ့​မည်။ သူ​ငှား​လုပ်၍ ရ​သ​မျှ​သော​အ​ခ​တို့​ကို မီး​ရှို့​မည်။ မှား​သော​ဘု​ရား​ရှိ​သ​မျှ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​မည်။ ပြည့်​တန်​ဆာ​လုပ်၍ ဥ​စ္စာ​ကို​ဆည်း​ပူး​သည်​ဖြစ်၍၊ ထို​ဥ​စ္စာ​သည် ပြည့်​တန်​ဆာ​လက်​သို့ တစ်​ဖန်​ရောက်​ရ​ဦး​မည်။ ထို​အ​မှု​ကြောင့် ငါ​သည် ငို​ကြွေး​မြည်​တမ်း​မည်။ အ​ဝတ်​ကို​ချွတ်၍ အ​ချည်း​စည်း​လည်​သွား​မည်။ မြေ​ခွေး​ကဲ့​သို့ အူ​လျက်၊ ကု​လား​အုတ်​ငှက်​ကဲ့​သို့ မြည်​လျက်​နေ​မည်။ သူ​ခံ​ရ​သော ဒဏ်​နာ​မ​ပျောက်​နိုင်။ ယု​ဒ​ပြည်​တိုင်​အောင်​ကူး​သ​ဖြင့်၊ ငါ၏​အ​မျိုး​သား​နေ​ရာ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​သို့​ရောက်​လေ​ပြီ။ ဂါ​သ​မြို့၌ သ​တင်း​မ​ပြော​ကြ​နှင့်။ အ​လျှင်း​မ​ငို​ကြွေး​ကြ​နှင့်။ ဗေ​သော​ဖ​ရာ​မြို့​မှာ မြေ​မှုန့်၌ လူး​လဲ​လျက် နေ​ကြ​လော့။ အို ရှ​ဖိ​ရ​မြို့​သ​မီး၊ အ​ဝတ်​ကို​ချွတ်၍ အ​ရှက်​ကွဲ​လျက် သွား​လော့။ ဇာ​နန်​မြို့​သ​မီး​သည် ငို​ကြွေး​ခြင်း​ကို​ပြု​လျက် မ​ထွက်​ရ။ ဗေ​သ​ဇေ​လ​မြို့​သည် သင်​တို့​တည်း​ခို​ရ​သော အ​ခွင့်​ကို မ​ပေး​ရ။ မာ​ရုတ်​မြို့​သ​မီး​သည်​လည်း ကောင်း​သော​အ​ရာ​ကို တောင့်​တ၍ နာ​ကျင်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဘေး​ဒဏ်​သည် ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​သို့​ရောက်​လေ​ပြီ။ အို လာ​ခိ​ရှ​မြို့​သ​မီး၊ လျင်​မြန်​သော​မြင်း​ကို ရ​ထား၌​က​လော့။ သင်​သည် ဣ​သ​ရေ​လ၏ လွန်​ကျူး​ခြင်း​ကို​လက်​ခံ၍၊ ဇိ​အုန်​သ​တို့​သ​မီး​အား အ​ပြစ်​လမ်း​ကို ပြ​သ​တည်း။ ထို​ကြောင့် သင်​သည် ဂါ​သ​ပြည် မော​ရ​ရှက်​မြို့​သို့ လက်​ဆောင်​ကို ပေး​လိုက်​ရ​မည်။ အာ​ခ​ဇိပ်​မြို့​သား​တို့​သည် ဣ​သ​ရေ​လ ရှင်​ဘု​ရင်​တို့​ကို လှည့်​စား​ကြ​လိမ့်​မည်။ အို မ​ရေ​ရှ​မြို့​သ​မီး၊ သင်၏​ဥ​စ္စာ​ကို အ​မွေ​ခံ​သော​သူ​ကို ငါ​ခေါ်​ခဲ့​မည်။ သူ​သည် ဣ​သ​ရေ​လ​ဘုန်း၊ အ​ဒု​လံ​မြို့​သို့ ရောက်​လိမ့်​မည်။ ချစ်​ဖွယ်​သော သင်၏​သား​သ​မီး​တို့​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​ကြောင့်၊ သူ​တို့​အ​တွက် သင်​သည် ခေါင်း​ပြောင်​အောင် ဆံ​ပင်​ကို​ရိတ်၍ နေ​လော့။ ရွှေ​လင်း​တ​ကဲ့​သို့ ကျယ်​စွာ​သော ခေါင်း​ပြောင်​ခြင်း​ကို ပြု​လော့။