YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 9:35-38

ရှင်မဿဲ 9:35-38 JBMLE

ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​များ​ခံ​ရ​သော အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​ကို မြင်​တော်​မူ​လျှင် သ​နား​ခြင်း​စိတ်​ရှိ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပင်​ပန်း​သည်​ဖြစ်၍ ထိန်း​သူ​မ​ရှိ​ဘဲ ပစ်​ထား​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။- ထို​အ​ခါ ကိုယ်​တော်​က၊ စ​ပါး​ရိတ်​စ​ရာ များ​စွာ​ရှိ၏။ ရိတ်​သော​သူ​တို့​သည် နည်း​ကြ၏။- ထို​ကြောင့် လုပ်​ဆောင်​သော​သူ​တို့​ကို စ​ပါး​ရိတ်​စေ​ခြင်း​ငှာ စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း၊ စ​ပါး​ရှင်​ကို ဆု​တောင်း​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။