YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 9:2-17

ရှင်မဿဲ 9:2-17 JBMLE

လက်​ခြေ​သေ၍ အိပ်​ရာ​ပေါ်​မှာ တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။- ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က၊ ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သည်​ဟု ထင်​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ငြူ​စူ​သော​စိတ် ရှိ​ကြ​သ​နည်း။- အ​ဘယ်​စ​ကား​ကို သာ၍ ပြော​လွယ်​သ​နည်း။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု ပြော​လွယ်​သ​လော။ သင်​ထ၍ လှမ်း​သွား​လော့​ဟု ပြော​လွယ်​သ​လော။- လူ​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။ ကိုယ်​အိပ်​ရာ​ကို ဆောင်၍ ကိုယ်​အိမ်​သို့ သွား​လော့​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။- ထို​သူ​သည်​လည်း ထ၍ မိ​မိ​အိမ်​သို့ သွား​လေ၏။- လူ​အ​စု​အ​ဝေး​တို့​သည် မြင်​လျှင် အံ့​ဩ​ခြင်း​ရှိ၍၊ လူ​တို့​အား ဤ​သို့​သော​အ​ခွင့်​ကို အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။- ယေ​ရှု​သည် ထို​အ​ရပ်​မှ ကြွ​တော်​မူ​လျှင်၊ မဿဲ​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် အ​ခွန်​ခံ​ရာ​တဲ၌ ထိုင်​နေ​သည်​ကို မြင်​သော်၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။ ထို​သူ​သည်​လည်း ထ၍ နောက်​တော်​သို့ လိုက်​လေ၏။- ထို​နောက်​မှ အိမ်​တွင် စား​ပွဲ၌ လျောင်း​တော်​မူ​စဉ်၊ အ​ခွန်​ခံ​သော​သူ​များ​နှင့် ဆိုး​သော​သူ​များ​တို့​သည် လာ၍ ကိုယ်​တော်​မှ​စ​သော တ​ပည့်​တော်​တို့​နှင့်​တ​ကွ စား​ပွဲ၌​လျောင်း​ကြ၏။- ဖာ​ရိ​ရှဲ​တို့​သည် မြင်​လျှင် တ​ပည့်​တော်​တို့​အား၊ သင်​တို့​ဆ​ရာ​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့် အ​တူ အ​ဘယ်​ကြောင့် စား​သ​နည်း​ဟု​ဆို​ကြ၏။- ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့ သာ​လျှင် အ​လို​ရှိ​ကြ၏။- ယဇ်​ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သ​နား​ခြင်း က​ရု​ဏာ​အ​ကျင့်​ကို ငါ​နှစ်​သက်၏​ဟူ​သော ကျမ်း​စ​ကား​ကို နား​လည်​ခြင်း​ငှာ သင်​တို့​သွား၍ သင်​ကြ​လော့။ ဖြောင့်​မတ်​သော​သူ​တို့​ကို နောင်​တ​သို့ ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သည် မ​ဟုတ်။ ဆိုး​သော​သူ​တို့​ကို ခေါ်​ခြင်း​ငှာ၊ ငါ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယော​ဟန်၏ တ​ပည့်​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​ဖန်​တ​လဲ​လဲ အ​စာ​ရှောင်​ကြ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ကိုယ်​တော်၏​တ​ပည့်​တို့​သည် အ​စာ​မ​ရှောင်​ဘဲ နေ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ပေါင်း​အ​ဖော်​တို့​နှင့် အ​တူ​ရှိ​စဉ်​အ​ခါ သူ​တို့​သည် စိတ်​မ​သာ ညည်း​တွား​တတ်​ကြ​သ​လော။ မင်္ဂ​လာ​ဆောင်​လု​လင်​ကို သူ၏​အ​ပေါင်း​အ​ဖော်​တို့​နှင့် ခွာ၍ ယူ​သွား​သော အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။- အ​ဝတ်​ဟောင်း​ကို အ​ထည်​သစ်​နှင့် ဖာ​လေ့​မ​ရှိ။ ထို​သို့​ဖာ​လျှင် ဖာ​သော​အ​ထည်​သည် အ​ဝတ်​ဟောင်း​ကို စား၍ အ​ပေါက်​ကျယ်​တတ်၏။- ၎င်း​နည်း ဟောင်း​သော သား​ရေ​ဘူး၌ အ​သစ်​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​မ​ရှိ။ ထို​သို့​ထည့်​လျှင်၊ သား​ရေ​ဘူး​သည် စုတ်​ကွဲ​သ​ဖြင့်၊ စ​ပျစ်​ရည်​သည် ယို၍ သား​ရေ​ဘူး​လည်း ပျက်​စီး​တတ်၏။ အ​သစ်​သော စ​ပျစ်​ရည်​ကို အ​သစ်​သော​သား​ရေ​ဘူး၌ ထည့်​လေ့​ရှိ၏။ ထို​သို့​ထည့်​လျှင် နှစ်​ပါး​စ​လုံး မ​ပျက်​စီး​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။