YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 8:4-17

ရှင်မဿဲ 8:4-17 JBMLE

ယေ​ရှု​က​လည်း သင်​သ​တိ​ပြု။ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။- ထို​နောက်​မှ က​ပေ​ရ​နောင်​မြို့​သို့ ကြွ​ဝင်​တော်​မူ​လျှင်၊ တပ်​မှူး​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ၍၊- သ​ခင်၊ ကျွန်​တော်၏ ငယ်​သား​တစ်​ယောက်​သည် လက်​ခြေ​သေ​သည်​အ​နာ​နှင့် ပြင်း​စွာ​ခံ​ရ၍ အိမ်​တွင် တုံး​လုံး​နေ​ပါ​သည်​ဟု တောင်း​ပန်​လေ၏။- ယေ​ရှု​က​လည်း ငါ​လာ၍ ချမ်း​သာ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊- တပ်​မှူး​က၊ သ​ခင်၊ ကျွန်​တော်၏ အိမ်​မိုး​အောက်​သို့ ကြွ​ဝင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို ကျွန်​တော်​မ​ခံ​ထိုက်​ပါ။ အ​မိန့်​တော်​တစ်​ခွန်း​ရှိ​လျှင် ကျွန်​တော်၏​ငယ်​သား​သည် ချမ်း​သာ​ရ​ပါ​လိမ့်​မည်။- ဥ​ပ​မာ​ကား၊ ကျွန်​တော်​သည် မင်း​အောက်၌ ကျွန်​ခံ​သော​သူ​ဖြစ်​သော်​လည်း စစ်​သူ​ရဲ​များ​ကို​အုပ်​စိုး၍ တစ်​ဦး​ကို​သွား​ချေ​ဟု ဆို​လျှင် သွား​ပါ၏။ တစ်​ဦး​ကို လာ​ခဲ့​ဟု​ဆို​လျှင် လာ​ပါ၏။ ကျွန်​ကို​လည်း ဤ​အ​မှု​ကို လုပ်​တော့​ဟု ဆို​လျှင် လုပ်​ပါ၏​ဟု တပ်​မှူး​လျှောက်​လေ၏။- ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​လျှင် အံ့​ဩ​ခြင်း​ရှိ၍၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး၌​ပင် ငါ​မ​တွေ့​ဖူး​သေး။- ငါ​ဆို​ပြန်​သည်​ကား၊ လူ​များ​တို့​သည်၊ အ​ရှေ့​အ​ရပ်၊ အ​နောက်​အ​ရပ်​မှ​လာ၍၊ ကောင်း​ကင်​နိုင်​ငံ​တော်၌ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​တ​ကွ လျောင်း​ရ​ကြ​လ​တ္တံ့၊- နိုင်​ငံ​တော်​သား​တို့​သည်​လည်း ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ်​မှောင်​မိုက်​ထဲ​သို့ နှင်​ချ​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟု နောက်​တော်​သို့ လိုက်​သော​သူ​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊- တပ်​မှူး​အား သင်​သွား​လော့။ ယုံ​ကြည်​သည်​နှင့်​အ​ညီ သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် သူ၏​ငယ်​သား​သည် အ​နာ​ရော​ဂါ​ကင်း၍ သက်​သာ​ခြင်း​သို့ ရောက်​လေ၏။- ထို​နောက်​မှ ယေ​ရှု​သည် ပေ​တ​ရု​အိမ်​သို့​ကြွ၍ ပေ​တ​ရု၏​ယော​က္ခ​မ​သည် ဖျား​နာ​စွဲ​လျက် တုံး​လုံး​နေ​သည်​ကို တွေ့​မြင်​တော်​မူ၏။- ထို​မိန်း​မ၏​လက်​ကို တို့​တော်​မူ​လျှင်၊ သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ထ၍ ဧည့်​သည်​ဝတ်​ကို ပြု​လေ၏။- ညဉ့်​ဦး​ယံ၌ နတ်​ဆိုး​စွဲ​သော​သူ​အ​များ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍ နှုတ်​တော်​မြွက်​ကာ​မျှ​နှင့် ထို​နတ်​တို့​ကို နှင်​ထုတ်​တော်​မူ၏။ နာ​သော​သူ​ရှိ​သ​မျှ​တို့​ကို သက်​သာ​စေ​တော်​မူ၏။- ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ သူ​သည် အ​ကျွန်ုပ်​တို့ အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​များ​ကို ယူ​တင်​ဆောင်​ရွက်​လေ​သည်​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ဖူး​သော​စ​ကား ပြည့်​စုံ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။

Video for ရှင်မဿဲ 8:4-17