YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 8:18-27

ရှင်မဿဲ 8:18-27 JBMLE

များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ​လျက် နေ​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ ကမ်း​တစ်​ဖက်​သို့ ကူး​မည့်​အ​ကြောင်း အ​မိန့်​တော်​ရှိ၏။- ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​တစ်​ယောက်​သည် လာ၍ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ကြွ​တော်​မူ​ရာ အ​ရပ်​ရပ်​သို့ အ​ကျွန်ုပ်​လိုက်​ပါ​မည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း မြေ​ခွေး​သည် မြေ​တွင်း​ရှိ၏။ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော​ငှက်​သည် နား​နေ​ရာ​အ​ရပ်​ရှိ၏။ လူ​သား​မူ​ကား၊ ခေါင်း​ချ​ရာ​မျှ မ​ရှိ​ဟု မိန့်​တော်​မူ၏။- အ​ခြား​သော တ​ပည့်​တော်​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​အ​ဘ​ကို ရှေ့​ဦး​စွာ​သွား၍ သင်္ဂြိုဟ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ့​နောက်​သို့​လိုက်​လော့။ လူ​သေ​တို့​သည် မိ​မိ​လူ​သေ​တို့​ကို သင်္ဂြိုဟ်​ပါ​လေ​စေ​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ လှေ​ထဲ​သို့ ဝင်​တော်​မူ၍ တ​ပည့်​တော်​တို့​သည် လိုက်​ကြ၏။ အိုင်၌ လှိုင်း​တံ​ပိုး​ပြင်း​စွာ​ထ၍ လှေ​ကို လွှမ်း​လေ၏။- ကိုယ်​တော်​သည် ကျိန်း​စက်၍ နေ​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို နှိုး​ပြီး​လျှင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏။ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ အ​ဘယ်​ကြောင့် ကြောက်​တတ်​သ​နည်း​ဟု မေး​တော်​မူ​ပြီး​လျှင်၊ ထ၍ လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် အ​လွန်​သာ​ယာ​လေ၏။- ထို​လူ​တို့​က​လည်း၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အံ့​ဩ​ကြ၏။

ရှင်မဿဲ 8:18-27 အကြောင်း ဗီဒီယိုများ