YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 8:1-4

ရှင်မဿဲ 8:1-4 JBMLE

ကိုယ်​တော်​သည် တောင်​ပေါ်​မှ​ဆင်း​ကြွ​တော်​မူ​လျှင်၊ များ​စွာ​သော​လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ၏။- ထို​အ​ခါ နူ​နာ​စွဲ​သော​သူ​တစ်​ယောက်​သည် ညွှတ်​ပျပ်​လျက်၊ သ​ခင်​အ​လို​တော်​ရှိ​လျှင် ကျွန်​တော်​ကို သန့်​ရှင်း​စေ​နိုင်​တော်​မူ​သည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း ငါ​အ​လို​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ ရောက်​စေ​ဟု မိန့်​တော်​မူ​လျက် လက်​တော်​ကို​ဆန့်၍ ထို​သူ​ကို တို့​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် နူ​နာ​ပျောက်၍ သန့်​ရှင်း​ခြင်း​သို့​ရောက်​လေ၏။- ယေ​ရှု​က​လည်း သင်​သ​တိ​ပြု။ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။

​ရှင်မဿဲ 8:1-4 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။