YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 7:21-27

ရှင်မဿဲ 7:21-27 JBMLE

သ​ခင်၊ သ​ခင်​ဟု ငါ့​ကို​လျှောက်​သော​သူ​တိုင်း ကောင်း​ကင်​နိုင်​ငံ​တော်​သို့ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်၏​အ​လို​ကို ဆောင်​သော​သူ​သာ​လျှင် ဝင်​ရ​လိမ့်​မည်။- ထို​နေ့၌​ကား၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​အ​ခွင့်​နှင့် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပါ​ပြီ မ​ဟုတ်​လော။ ကိုယ်​တော်​အ​ခွင့်​နှင့် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​ပါ​ပြီ မ​ဟုတ်​လော။ ကိုယ်​တော်​အ​ခွင့်​နှင့် များ​စွာ​သော တန်​ခိုး​တို့​ကို ပြ​ပါ​ပြီ​မ​ဟုတ်​လော​ဟု အ​များ​သော သူ​တို့​သည် လျှောက်​ကြ​လိမ့်​မည်။- ထို​သို့​လျှောက်​ကြ​သော​အ​ခါ သင်​တို့​ကို ငါ​အ​လျှင်း​မ​သိ၊ အ​ဓ​မ္မ​အ​မှု​ကို ပြု​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​ကြ​ဟု ထို​သူ​တို့​အား အ​တည့်​အ​လင်း ငါ​ပြော​မည်။- အ​ကြင်​သူ​သည် ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို ကြား၍​နား​ထောင်၏။ ထို​သူ​သည် ကျောက်​ပေါ်​မှာ အိမ်​ဆောက်​သော ပ​ညာ​ရှိ​နှင့် တူ​ကြောင်း​ကို ငါ​ပုံ​ပြ​မည်။- မိုး​ရွာ၍ ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်​ကို တိုက်​သည်​ရှိ​သော်၊ ကျောက်​ပေါ်​မှာ တည်​သော​ကြောင့် မ​ပြို​မ​လဲ​နေ၏။- အ​ကြင်​သူ​သည် ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို​ကြား၍ နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​သည် သဲ​ပေါ်​မှာ အိမ်​ဆောက်​သော လူ​မိုက်​နှင့်​တူ​ကြောင်း​ကို ငါ​ပုံ​ပြ​မည်။- မိုး​ရွာ၍ ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်​ကို တိုက်​သော​အ​ခါ၊ ကြီး​စွာ​သော ပြို​လဲ​ခြင်း​သို့ ရောက်​လေ​သည်​ဟု ဟော​တော်​မူ၏။

​ရှင်မဿဲ 7:21-27 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။