YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 6:7-15

ရှင်မဿဲ 6:7-15 JBMLE

သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သာ​သ​နာ​ပ​လူ​နည်း​တူ အ​ချည်း​နှီး​သော​စ​ကား​ဖြင့် အ​ထပ်​ထပ် မ​မြွက်​ကြ​နှင့်။ ထို​သူ​တို့​သည် များ​စွာ​သော​စ​ကား​အား​ဖြင့် မိ​မိ​တို့​အ​လို ပြည့်​စုံ​မည်​ဟု ထင်​မှတ်​ကြ၏။- ထို​သူ​တို့​နည်း​တူ မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့ အ​လို​ရှိ​သ​မျှ​တို့​ကို သင်​တို့​မ​တောင်း​မီ သင်​တို့ အ​ဘ​သိ​တော်​မူ၏။- ထို​ကြောင့် သင်​တို့​ဆု​တောင်း​ရ​မည်​မှာ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော​အ​ကျွန်ုပ်​တို့​အ​ဘ ကိုယ်​တော်၏ နာ​မ​တော်​အား ရို​သေ​လေး​မြတ်​ခြင်း ရှိ​ပါ​စေ​သော။- နိုင်​ငံ​တော် တည်​ထောင်​ပါ​စေ​သော။ အ​လို​တော်​သည် ကောင်း​ကင်​ဘုံ၌ ပြည့်​စုံ​သ​ကဲ့​သို့ မြေ​ကြီး​ပေါ်​မှာ ပြည့်​စုံ​ပါ​စေ​သော။- အ​သက်​မွေး​လောက်​သော​အ​စာ​ကို အ​ကျွန်ုပ်​တို့​အား ယ​နေ့ ပေး​သ​နား​တော်​မူ​ပါ။- သူ​တစ်​ပါး​သည် အ​ကျွန်ုပ်​တို့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့​သည် လွှတ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ။- အ​ပြစ်​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ၊ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ​လည်း ကယ်​နုတ်​တော်​မူ​ပါ။ အ​စိုး​ပိုင်​သော​အ​ခွင့်​နှင့် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကိုယ်​တော်၌​ရှိ​ပါ၏။ အာ​မင် ဟု ဆု​တောင်း​ကြ​လော့။- သင်​တို့​သည် သူ​တစ်​ပါး​တို့၏ အ​ပြစ်​ကို​လွှတ်​လျှင်၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။- သင်​တို့​သည် သူ​တစ်​ပါး​တို့၏​အ​ပြစ်​ကို မ​လွှတ်​လျှင်၊ သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မ​မူ။

​ရှင်မဿဲ 6:7-15 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။