YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 6:5-8

ရှင်မဿဲ 6:5-8 JBMLE

သင်​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​အ​ခါ လျှို့​ဝှက်​သော​သူ​တို့​နည်း​တူ မ​ပြု​နှင့်။ ထို​သူ​တို့​သည် လူ​များ​တို့​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ၊ ပွဲ​သ​ဘင် လမ်း​ဆုံ​လမ်း​ဝ​တို့၌ ရပ်​လျက်​ဆု​တောင်း​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို​ခံ​ရ​ကြ၏။- သင်​သည် ဆု​တောင်း​သော​အ​ခါ ဆိတ်​ညံ​ရာ​အ​ခန်း​သို့​ဝင်၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ၊ မ​ထင်​ရှား​သော​အ​ရပ်၌ ရှိ​တော်​မူ​သော သင်၏​အ​ဘ​ကို ဆု​တောင်း​လော့။ မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။- သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သာ​သ​နာ​ပ​လူ​နည်း​တူ အ​ချည်း​နှီး​သော​စ​ကား​ဖြင့် အ​ထပ်​ထပ် မ​မြွက်​ကြ​နှင့်။ ထို​သူ​တို့​သည် များ​စွာ​သော​စ​ကား​အား​ဖြင့် မိ​မိ​တို့​အ​လို ပြည့်​စုံ​မည်​ဟု ထင်​မှတ်​ကြ၏။- ထို​သူ​တို့​နည်း​တူ မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့ အ​လို​ရှိ​သ​မျှ​တို့​ကို သင်​တို့​မ​တောင်း​မီ သင်​တို့ အ​ဘ​သိ​တော်​မူ၏။

​ရှင်မဿဲ 6:5-8 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။