YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 6:24-26

ရှင်မဿဲ 6:24-26 JBMLE

အ​ဘယ်​သူ​မျှ သ​ခင်​နှစ်​ဦး​အ​စေ​ကို မ​ခံ​နိုင်။ သ​ခင်​တစ်​ဦး​ကို​မုန်း၍ တစ်​ဦး​ကို​ချစ်​မည်။ သ​ခင်​တစ်​ဦး​ကို မှီ​ခို၍ တစ်​ဦး​ကို မ​ခန့်​မ​ညား​ပြု​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ အ​စေ​ကို​လည်း​ကောင်း၊ လော​ကီ​စည်း​စိမ်၏ အ​စေ​ကို​လည်း​ကောင်း မ​ခံ​နိုင်​ကြ။- ထို​ကြောင့် ငါ​ဆို​သည်​ကား၊ အ​ဘယ်​သို့ စား​သောက်​ရ​မည်​ဟု အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟု ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​စာ​ထက် အ​သက်​မြတ်​သည် မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည် မ​ဟုတ်​လော။- မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​ငှက်​တို့​သည် မျိုး​စေ့​ကို မ​စိုက်​မ​ကြဲ၊ စ​ပါး​ကို​မ​ရိတ်၊ ကျီ၌​မ​စု​မ​သွင်း။ သို့​သော်​လည်း ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထို​ငှက်​တို့​ထက် သင်​တို့​သည် အ​လွန်​မြတ်​သည် မ​ဟုတ်​လော။

​ရှင်မဿဲ 6:24-26 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။