YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 5:44-45

ရှင်မဿဲ 5:44-45 JBMLE

ငါ​ပ​ညတ်​သည်​ကား၊ သင်​တို့​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ သား​ဖြစ်​လို​သော​ငှာ၊ သင်​တို့၏​ရန်​သူ​တို့​ကို ချစ်​ကြ​လော့။ သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​ညှဉ်း​ဆဲ​သော သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည်၊ ကောင်း​သော​သူ မ​ကောင်း​သော​သူ​တို့​အ​ပေါ်၌ ကိုယ်​တော်၏​နေ​ကို ထွက်​စေ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ မ​ဖြောင့်​မတ်​သော​သူ​တို့ အ​ပေါ်၌ မိုး​ကို ရွာ​စေ​တော်​မူ၏။