YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 4:18-25

ရှင်မဿဲ 4:18-25 JBMLE

ဂါ​လိ​လဲ​အိုင်​နား​မှာ ကြွ​တော်​မူ​စဉ်၊ ပေ​တ​ရု​ဟူ၍​ခေါ်​ဝေါ်​သော ရှိ​မုန်​နှင့် အ​န္ဒြေ၊ ညီ​အစ်​ကို နှစ်​ယောက်​တို့​သည် တံ​ငါ​ဖြစ်၍၊ အိုင်​တွင် ပိုက်​ကွန်​ဖြန့်​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊ ထို​သူ​တို့​အား ငါ့​နောက်​သို့​လိုက်​ကြ​လော့။ သင်​တို့​သည် လူ​ကို မျှား​သော​တံ​ငါ ဖြစ်​စေ​ခြင်း​ငှာ ငါ​ပြု​မည်​ဟု အ​မိန့်​တော်​ရှိ​လေ​သော်၊ ထို​သူ​တို့​သည် ချက်​ချင်း ပိုက်​ကွန်​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။ ထို​မှ​လွန်​ပြန်​လျှင် အ​ခြား​သော​ညီ​အစ်​ကို​နှစ်​ယောက်၊ ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည် သူ​တို့​အ​ဘ​နှင့်​အ​တူ လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ခေါ်​တော်​မူ၏။ ထို​သူ​တို့​သည်​လည်း ချက်​ချင်း အ​ဘ​နှင့် လှေ​ကို စွန့်​ပစ်၍ နောက်​တော်​သို့​လိုက်​ကြ၏။ ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။ သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။ ဂါ​လိ​လဲ​ပြည်၊ ဒေ​က​ပေါ​လိ​ပြည်၊ ယေ​ရှု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​မှ လာ​သော လူ​များ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့​လိုက်​ကြ၏။

Video for ရှင်မဿဲ 4:18-25