YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 4:12-22

ရှင်မဿဲ 4:12-22 JBMLE

ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​ကြောင်း​ကို ယေ​ရှု​သည်​ကြား​လျှင်၊ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ၍၊- နာ​ဇ​ရက်​မြို့​ကို စွန့်​သွား​လျက်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​စပ်​ကြား​တွင် အိုင်​နှင့်​နီး​စပ်​သော က​ပေ​ရ​နောင်​မြို့​သို့ ရောက်၍ နေ​တော်​မူ၏။- ဤ​အ​ကြောင်း​အ​ရာ​ကား၊ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ နှုတ်​ထွက်​ပြည့်​စုံ​မည် အ​ကြောင်း​တည်း။- နှုတ်​ထွက်​အ​ချက် ဟူ​မူ​ကား၊ ဇာ​ဗု​လုန်​ခ​ရိုင်​နှင့် နဿ​လိ​ခ​ရိုင်​တည်း​ဟူ​သော အိုင်​နား​လျှောက်​သော​လမ်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၊ တစ်​ပါး​အ​မျိုး​သား​နေ​ရာ ဂါ​လိ​လဲ​ပြည်၊- မှောင်​မိုက်​ထဲ​မှာ​ရှိ​နေ​သော လူ​များ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို မြင်​ရ၍၊ သေ​မင်း၏​နိုင်​ငံ​အ​ရိပ်​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း​လျက်​ရှိ၏​ဟု ဟော​ထား​သ​တည်း။- ထို​အ​ခါ​မှ​စ၍ ယေ​ရှု​က၊ နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ ဟူ​သော တ​ရား​ကို ဟော​စ​ပြု​တော်​မူ၏။- ဂါ​လိ​လဲ​အိုင်​နား​မှာ ကြွ​တော်​မူ​စဉ်၊ ပေ​တ​ရု​ဟူ၍​ခေါ်​ဝေါ်​သော ရှိ​မုန်​နှင့် အ​န္ဒြေ၊ ညီ​အစ်​ကို နှစ်​ယောက်​တို့​သည် တံ​ငါ​ဖြစ်၍၊ အိုင်​တွင် ပိုက်​ကွန်​ဖြန့်​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊ ထို​သူ​တို့​အား ငါ့​နောက်​သို့​လိုက်​ကြ​လော့။ သင်​တို့​သည် လူ​ကို မျှား​သော​တံ​ငါ ဖြစ်​စေ​ခြင်း​ငှာ ငါ​ပြု​မည်​ဟု အ​မိန့်​တော်​ရှိ​လေ​သော်၊ ထို​သူ​တို့​သည် ချက်​ချင်း ပိုက်​ကွန်​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။ ထို​မှ​လွန်​ပြန်​လျှင် အ​ခြား​သော​ညီ​အစ်​ကို​နှစ်​ယောက်၊ ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည် သူ​တို့​အ​ဘ​နှင့်​အ​တူ လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ခေါ်​တော်​မူ၏။ ထို​သူ​တို့​သည်​လည်း ချက်​ချင်း အ​ဘ​နှင့် လှေ​ကို စွန့်​ပစ်၍ နောက်​တော်​သို့​လိုက်​ကြ၏။

ရှင်မဿဲ 4:12-22 အကြောင်း ဗီဒီယိုများ