YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 3:1-6

ရှင်မဿဲ 3:1-6 JBMLE

ထို​ကာ​လ​အ​ခါ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် ပေါ်​ထွန်း​လျှင်၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ။- ထို​ကြောင့် နောင်​တ​ရ​ကြ​လော့​ဟု ယု​ဒ​တော၌ ဟော​လေ၏။ ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ဖူး​သည်​ကား၊ တော၌​ဟစ်​ကျော်​သော​သူ၏ အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။ လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့ ဟူ​သော​အ​ချက်၌ ထို​ယော​ဟန်​ကို ဆို​လို​သ​တည်း။ ယော​ဟန်​သည် ကု​လား​အုတ်​အ​မွေး​နှင့်​ရက်​သော အ​ဝတ်​ကို​ဝတ်​လျက်၊ ခါး၌​သား​ရေ​ခါး​ပန်း​ကို စည်း​လျက်၊ ကျိုင်း​ကောင်​နှင့် တော၌​ဖြစ်​သော ပျား​ရည်​ကို စား​လျက်​နေ၏။ ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​သူ​ပြည်​သား၊ ယော်​ဒန်​မြစ်​နား​မှာ နေ​သော​သူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ထံ​သို့ ထွက်​သွား၍၊ မိ​မိ​တို့​အ​ပြစ်​များ​ကို ဖော်​ပြ​လျက် ယော်​ဒန်​မြစ်၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။