YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 28:5-10

ရှင်မဿဲ 28:5-10 JBMLE

ကောင်း​ကင်​တ​မန်​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ​သတ်​သော ယေ​ရှု​ကို သင်​တို့​ရှာ​ကြ​သည်​ကို ငါ​သိ၏။- ဤ​အ​ရပ်၌ မ​ရှိ။ မိန့်​တော်​မူ​သည်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ လာ​ကြ၊ သ​ခင်​လျောင်း​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။- အ​လျင်​အ​မြန်​ပြန်​သွား၍ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​အား ပြော​ကြ​လော့။ သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​မည်။ ထို​ပြည်၌ သင်​တို့​သည် ကိုယ်​တော်​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်၊ ငါ​ပြော​ပြီ​ဟု ထို​မိန်း​မ​တို့​အား ကောင်း​ကင်​တ​မန်​ဆို၏။- ထို​မိန်း​မ​တို့​သည်​လည်း ကြောက်​ရွံ့​သ​ဖြင့်​လည်း​ကောင်း၊ အ​လွန်​ဝမ်း​မြောက်​သ​ဖြင့်​လည်း​ကောင်း၊ သင်္ချိုင်း​တော်​မှ အ​လျင်​အ​မြန်​သွား၍ တ​ပည့်​တော်​တို့​အား ထို​သ​တင်း​စ​ကား​ကို ကြား​ပြော​ခြင်း​ငှာ ပြေး​ကြ၏။- လမ်း​မှာ​သွား​ကြ​စဉ် ယေ​ရှု​သည် ကြို​ဆို​တော်​မူ၍၊ သင်​တို့​အား မင်္ဂ​လာ​ဖြစ်​စေ​သ​တည်း​ဟု မိန့်​တော်​မူ၏။ ထို​မိန်း​မ​တို့​သည် ချဉ်း​ကပ်၍ ခြေ​တော်​ကို​ဖက်​ယမ်း​လျက် ပျပ်​ဝပ်​ကိုး​ကွယ်​ကြ၏။- ယေ​ရှု​က​လည်း ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ သွား​ကြ​လော့။ ငါ့​ညီ​တို့​သည် ဂါ​လိ​လဲ​ပြည်​သို့ သွား​စေ​ခြင်း​ငှာ ဤ​သ​တင်း​စ​ကား​ကို ကြား​ပြော​ကြ​လော့။ ထို​ပြည်၌ သူ​တို့​သည် ငါ့​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

Video for ရှင်မဿဲ 28:5-10