ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သော ယေရှုကို သင်တို့ရှာကြသည်ကို ငါသိ၏။- ဤအရပ်၌ မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။- အလျင်အမြန်ပြန်သွား၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အား ပြောကြလော့။ သင်တို့ရှေ့ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်၊ ငါပြောပြီဟု ထိုမိန်းမတို့အား ကောင်းကင်တမန်ဆို၏။- ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့သဖြင့်လည်းကောင်း၊ အလွန်ဝမ်းမြောက်သဖြင့်လည်းကောင်း၊ သင်္ချိုင်းတော်မှ အလျင်အမြန်သွား၍ တပည့်တော်တို့အား ထိုသတင်းစကားကို ကြားပြောခြင်းငှာ ပြေးကြ၏။- လမ်းမှာသွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ၍၊ သင်တို့အား မင်္ဂလာဖြစ်စေသတည်းဟု မိန့်တော်မူ၏။ ထိုမိန်းမတို့သည် ချဉ်းကပ်၍ ခြေတော်ကိုဖက်ယမ်းလျက် ပျပ်ဝပ်ကိုးကွယ်ကြ၏။- ယေရှုကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သွားကြလော့။ ငါ့ညီတို့သည် ဂါလိလဲပြည်သို့ သွားစေခြင်းငှာ ဤသတင်းစကားကို ကြားပြောကြလော့။ ထိုပြည်၌ သူတို့သည် ငါ့ကို တွေ့မြင်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်မဿဲ 28 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 28
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 28:5-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ