YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 27:62-66

ရှင်မဿဲ 27:62-66 JBMLE

အ​ဖိတ်​နေ့​လွန်၍ နက်​ဖြန်​နေ့​ရောက်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ပိ​လတ်​မင်း​ထံ၌ စု​ဝေး၍၊- ထို​လှည့်​ဖြား​သော​သူ​က၊ ငါ​သည် သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​မည်​ဟု မ​သေ​မီ​ပြော​သည်​ကို အ​ကျွန်ုပ်​တို့ မှတ်​မိ​ပါ​ပြီ။- ထို​ကြောင့် သူ၏​တ​ပည့်​တို့​သည် ည​အ​ခါ​လာ၍ အ​လောင်း​ကို ခိုး​ယူ​ပြီး​လျှင်၊ သူ​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ပြီ​ဟု လူ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ​သော်၊ ရှေ့​အ​မှား​ထက် နောက်​အ​မှား​သာ၍ ကြီး​မည်​ဟု စိုး​ရိမ်​စ​ရာ​အ​ကြောင်း ရှိ​သည်​ဖြစ်၍၊ သင်္ချိုင်း​တွင်း​ကို သုံး​ရက်​မြောက်​အောင် လုံ​ခြုံ​စွာ​စောင့်​စိမ့်​သော​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ပိ​လတ်​မင်း​က၊ သင်​တို့၌ လူ​စောင့်​တစ်​တပ်​ရှိ၏။ သွား​ကြ၊ တတ်​နိုင်​သ​မျှ​အ​တိုင်း လုံ​ခြုံ​စွာ​စောင့်​စေ​ကြ​ဟု ဆို​လေ၏။- ထို​သူ​တို့​သည် သွား၍ ကျောက်​ကို တံ​ဆိပ်​ခတ်​ပြီး​လျှင် အ​စောင့်​ထား​လျက် သင်္ချိုင်း​တွင်း​တော်​ကို လုံ​ခြုံ​စွာ​ပြု​ကြ၏။

​ရှင်မဿဲ 27:62-66 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။