YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 27:57-65

ရှင်မဿဲ 27:57-65 JBMLE

ည​အ​ချိန်​ရောက်​မှ အ​ရိ​မဿဲ​မြို့​သား ယော​သပ်​အ​မည်​ရှိ​သော သူ​ဌေး​သည် ယေ​ရှု၏​တ​ပည့်​တော်​ဖြစ်​သည်​နှင့်၊- ပိ​လတ်​မင်း​ထံ​သို့​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။ ပိ​လတ်​မင်း​သည် အ​လောင်း​တော်​ကို ပေး​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ​သော်၊- ယော​သပ်​သည် အ​လောင်း​တော်​ကို​ယူ၍ ဖြူ​စင်​သော​ပိတ်​ချော​နှင့် ပတ်​ရစ်​ပြီး​လျှင်၊- ကျောက်၌ ထွင်း​သော မိ​မိ​သင်္ချိုင်း​တွင်း​သစ်​ထဲ​မှာ ထား​လေ၏။ ကြီး​စွာ​သော ကျောက်​ကို​လည်း တွင်း​ဝ၌ လှိမ့်​ထား​ပြီး​မှ သွား၏။- မာ​ဂ​ဒ​လ​မာ​ရိ​နှင့် အ​ခြား​သော​မာ​ရိ​သည် ထို​အ​ရပ်၌ သင်္ချိုင်း​တော်​ရှေ့​မှာ ထိုင်​လျက်​နေ​ရစ်​ကြ၏။ အ​ဖိတ်​နေ့​လွန်၍ နက်​ဖြန်​နေ့​ရောက်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ပိ​လတ်​မင်း​ထံ၌ စု​ဝေး၍၊- ထို​လှည့်​ဖြား​သော​သူ​က၊ ငါ​သည် သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​မည်​ဟု မ​သေ​မီ​ပြော​သည်​ကို အ​ကျွန်ုပ်​တို့ မှတ်​မိ​ပါ​ပြီ။- ထို​ကြောင့် သူ၏​တ​ပည့်​တို့​သည် ည​အ​ခါ​လာ၍ အ​လောင်း​ကို ခိုး​ယူ​ပြီး​လျှင်၊ သူ​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ပြီ​ဟု လူ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ​သော်၊ ရှေ့​အ​မှား​ထက် နောက်​အ​မှား​သာ၍ ကြီး​မည်​ဟု စိုး​ရိမ်​စ​ရာ​အ​ကြောင်း ရှိ​သည်​ဖြစ်၍၊ သင်္ချိုင်း​တွင်း​ကို သုံး​ရက်​မြောက်​အောင် လုံ​ခြုံ​စွာ​စောင့်​စိမ့်​သော​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ပိ​လတ်​မင်း​က၊ သင်​တို့၌ လူ​စောင့်​တစ်​တပ်​ရှိ၏။ သွား​ကြ၊ တတ်​နိုင်​သ​မျှ​အ​တိုင်း လုံ​ခြုံ​စွာ​စောင့်​စေ​ကြ​ဟု ဆို​လေ၏။