YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 27:35-66

ရှင်မဿဲ 27:35-66 JBMLE

ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပြီး​လျှင် အ​ဝတ်​တော်​တို့​ကို စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။- ထို​အ​ရပ်၌​လည်း ထိုင်​လျက် စောင့်​နေ​ကြ၏။- အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင်​ဘု​ရင် ယေ​ရှု​ပေ​တည်း​ဟု​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။- ထို​အ​ခါ ကိုယ်​တော်​နှင့်​တ​ကွ ဓား​ပြ​နှစ်​ယောက်​တို့​ကို လက်​ယာ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။ လမ်း​မှာ သွား​လာ​သော​သူ​တို့​က​လည်း၊ ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​ပြန်​သော​သူ၊ ကိုယ်​ကို​ကိုယ်​ကယ်​တင်​လော့။- ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင် လက်​ဝါး​ကပ်​တိုင်​မှ ဆင်း​လော့​ဟု မိ​မိ​တို့​ခေါင်း​ကို​ညိတ်၍ ကဲ့​ရဲ့​သော​စ​ကား​နှင့်​ပြော​ဆို​ကြ၏။- ထို​နည်း​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။- ကိုယ်​ကို မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​မှန်​လျှင် လက်​ဝါး​ကပ်​တိုင်​မှ ယ​ခု​ဆင်း​ပါ​လေ​စေ။ ဆင်း​လျှင် ငါ​တို့​ယုံ​ကြည်​မည်။- သူ​သည် ဘု​ရား​သ​ခင်​ကို ကိုး​စား​ပြီ။ ငါ​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်၏​ဟု ဆို​ပြီ။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​သည် သူ၌ အ​လို​တော်​ရှိ​လျှင် ယ​ခု​ပင် ကယ်​တင်​တော်​မူ​ပါ​လေ​စေ​ဟု ပြက်​ရယ်​ပြု၍ ပြော​ဆို​ကြ၏။- ထို​နည်း​တူ ကိုယ်​တော်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​ဓား​ပြ​တို့​သည်​လည်း ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။ မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။- သုံး​ချက်​တီး​အ​ချိန်၌ ယေ​ရှု​က၊ ဧ​လိ၊ ဧ​လိ၊ လာ​မာ​ရှာ​ဗ​ခ​သာ​နိ​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ၏။ အ​နက်​ကား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း​ဟု ဆို​လို​သ​တည်း။- ထို​အ​ရပ်၌ ရပ်​နေ​သော​သူ​အ​ချို့​တို့​သည် ကြား​လျှင်၊ သူ​သည် ဧ​လိ​ယ​ကို​ခေါ်​သည်​ဟု ဆို​ကြ၏။- လူ​တစ်​ယောက်​သည် ချက်​ချင်း​ပြေး၍ ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ကျူ​လုံး​ဖျား၌​တပ်၍ ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လေ၏။- ကြွင်း​သော​သူ​တို့​က၊ ရှိ​စေ​တော့။ ဧ​လိ​ယ​သည် သူ့​ကို​ကယ်​တင်​ခြင်း​ငှာ လာ​မည်​မ​လာ​မည်​ကို ကြည့်​ကြ​ကုန်​အံ့​ဟု ဆို​ကြ၏။- ယေ​ရှု​သည် ကြီး​သော​အ​သံ​နှင့် တစ်​ဖန် ကြွေး​ကြော်​ပြီး​လျှင် အ​သက်​တော်​ကို လွှတ်​တော်​မူ၏။- ထို​အ​ခါ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် အ​ထက်​စွန်း​မှ​အောက်​စွန်း​တိုင်​အောင် စုတ်​ကွဲ​လေ၏။ မြေ​ကြီး လှုပ်​လေ၏။ ကျောက်​များ​တို့​သည်​ကွဲ​ပြား​ကြ၏။- သင်္ချိုင်း​တွင်း​တို့​သည် ပွင့်​လစ်​သ​ဖြင့် ကျိန်း​စက်​လျက်​ရှိ​သော သန့်​ရှင်း​သူ​တို့၏ အ​လောင်း​များ​စွာ​တို့​သည် ထ​ကြ၍၊- ကိုယ်​တော် ထ​မြောက်​တော်​မူ​သည်​နောက်၊ ထို​သူ​တို့​သည် သင်္ချိုင်း​တွင်း​မှ​ထွက်၍ သန့်​ရှင်း​သော​မြို့​ထဲ​သို့ ဝင်​ပြီး​လျှင်၊ လူ​များ​စွာ​တို့​အား ထင်​ရှား​ကြ၏။- ယေ​ရှု​ကို​စောင့်​သော တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​များ​တို့​သည် မြေ​ကြီး​လှုပ်​ခြင်း​စ​သည်​တို့​ကို မြင်​လျှင် အ​လွန်​ထိတ်​လန့်၍၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​ပေ၏​ဟု ဆို​ကြ၏။- ဂါ​လိ​လဲ​ပြည်​က ယေ​ရှု​နောက်​တော်၌ အ​လုပ်​အ​ကျွေး လိုက်​လာ​သော မိန်း​မ​အ​များ​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။- ထို​မိန်း​မ​တို့​တွင် မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်​နှင့် ယော​သေ​တို့၏ အ​မိ​ဖြစ်​သော​မာ​ရိ​နှင့် ဇေ​ဗေ​ဒဲ၏​သား​တို့၏​အ​မိ ပါ​ကြ​သ​တည်း။ ည​အ​ချိန်​ရောက်​မှ အ​ရိ​မဿဲ​မြို့​သား ယော​သပ်​အ​မည်​ရှိ​သော သူ​ဌေး​သည် ယေ​ရှု၏​တ​ပည့်​တော်​ဖြစ်​သည်​နှင့်၊- ပိ​လတ်​မင်း​ထံ​သို့​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။ ပိ​လတ်​မင်း​သည် အ​လောင်း​တော်​ကို ပေး​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ​သော်၊- ယော​သပ်​သည် အ​လောင်း​တော်​ကို​ယူ၍ ဖြူ​စင်​သော​ပိတ်​ချော​နှင့် ပတ်​ရစ်​ပြီး​လျှင်၊- ကျောက်၌ ထွင်း​သော မိ​မိ​သင်္ချိုင်း​တွင်း​သစ်​ထဲ​မှာ ထား​လေ၏။ ကြီး​စွာ​သော ကျောက်​ကို​လည်း တွင်း​ဝ၌ လှိမ့်​ထား​ပြီး​မှ သွား၏။- မာ​ဂ​ဒ​လ​မာ​ရိ​နှင့် အ​ခြား​သော​မာ​ရိ​သည် ထို​အ​ရပ်၌ သင်္ချိုင်း​တော်​ရှေ့​မှာ ထိုင်​လျက်​နေ​ရစ်​ကြ၏။ အ​ဖိတ်​နေ့​လွန်၍ နက်​ဖြန်​နေ့​ရောက်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ပိ​လတ်​မင်း​ထံ၌ စု​ဝေး၍၊- ထို​လှည့်​ဖြား​သော​သူ​က၊ ငါ​သည် သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​မည်​ဟု မ​သေ​မီ​ပြော​သည်​ကို အ​ကျွန်ုပ်​တို့ မှတ်​မိ​ပါ​ပြီ။- ထို​ကြောင့် သူ၏​တ​ပည့်​တို့​သည် ည​အ​ခါ​လာ၍ အ​လောင်း​ကို ခိုး​ယူ​ပြီး​လျှင်၊ သူ​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ပြီ​ဟု လူ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ​သော်၊ ရှေ့​အ​မှား​ထက် နောက်​အ​မှား​သာ၍ ကြီး​မည်​ဟု စိုး​ရိမ်​စ​ရာ​အ​ကြောင်း ရှိ​သည်​ဖြစ်၍၊ သင်္ချိုင်း​တွင်း​ကို သုံး​ရက်​မြောက်​အောင် လုံ​ခြုံ​စွာ​စောင့်​စိမ့်​သော​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ပိ​လတ်​မင်း​က၊ သင်​တို့၌ လူ​စောင့်​တစ်​တပ်​ရှိ၏။ သွား​ကြ၊ တတ်​နိုင်​သ​မျှ​အ​တိုင်း လုံ​ခြုံ​စွာ​စောင့်​စေ​ကြ​ဟု ဆို​လေ၏။- ထို​သူ​တို့​သည် သွား၍ ကျောက်​ကို တံ​ဆိပ်​ခတ်​ပြီး​လျှင် အ​စောင့်​ထား​လျက် သင်္ချိုင်း​တွင်း​တော်​ကို လုံ​ခြုံ​စွာ​ပြု​ကြ၏။