YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 27:27-37

ရှင်မဿဲ 27:27-37 JBMLE

ထို​အ​ခါ မြို့​ဝန်​မင်း၏ စစ်​သူ​ရဲ​တို့​သည် ယေ​ရှု​ကို အိမ်​တော်​ဦး​သို့ ဆောင်​သွား၍ စစ်​သူ​ရဲ​တစ်​တပ်​လုံး​ကို အ​ထံ​တော်၌ စု​ရုံး​စေ​ပြီး​မှ၊- အ​ဝတ်​တော်​ကို ချွတ်၍ နီ​သော​ဝတ်​လုံ​ကို ခြုံ​စေ​ကြ၏။- ဆူး​ပင်​နှင့် ရက်​သော​ဦး​ရစ်​ကို ခေါင်း​တော်၌ တင်​ကြ၏။ ကျူ​တစ်​လုံး​ကို​လည်း လက်​ယာ​လက်​တော်​နှင့် ကိုင်​စေ​ပြီး​လျှင် ရှေ့​တော်​မှာ​ဒူး​ထောက်​လျက် ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟူ၍ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။- ကိုယ်​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ ကျူ​လုံး​ကို​ယူ၍ ခေါင်း​တော်​ကို ရိုက်​ကြ၏။- ထို​သို့ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​သည်​နောက်၊ မင်း​ဝတ်​လုံ​ကို​ချွတ်၍ အ​ဝတ်​တော်​ကို ဝတ်​ပြန်​စေ​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ငှာ ထုတ်​သွား​ကြ၏။- သွား​ကြ​စဉ်​တွင် ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ ပြည်​သား​တစ်​ယောက်​ကို တွေ့​လျှင်၊ အ​နိုင်​ပြု၍ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။- ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု ဆို​လို​သော ဂေါ​လ​ဂေါ​သ အ​မည်​တွင်​သော​အ​ရပ်​သို့ ရောက်​ကြ​သော်၊- ဆေး​ခါး​နှင့် ရော​သော​ပုံး​ရည်​ကို ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လျှင်၊ မြည်း​စမ်း​တော်​မူ၍ မ​သောက်​ချင်​ဘဲ နေ​လေ၏။- ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပြီး​လျှင် အ​ဝတ်​တော်​တို့​ကို စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။- ထို​အ​ရပ်၌​လည်း ထိုင်​လျက် စောင့်​နေ​ကြ၏။- အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင်​ဘု​ရင် ယေ​ရှု​ပေ​တည်း​ဟု​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။

​ရှင်မဿဲ 27:27-37 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။