YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 27:15-31

ရှင်မဿဲ 27:15-31 JBMLE

ထို​ပွဲ၌ မြို့​ဝန်​မင်း​သည် အ​ကျဉ်း​ထား​သော​သူ​တို့​တွင်၊ လူ​များ​တို့ အ​လို​ရှိ​သော​သူ တစ်​ယောက်​ယောက်​ကို လွှတ်​မြဲ​ထုံး​စံ​ရှိ၏။- ထို​အ​ခါ အ​ကျဉ်း​ထား​သော​သူ​တို့​တွင် ဗာ​ရ​ဗ္ဗ​အ​မည်​ရှိ​သော ကျော်​စော​သော​သူ တစ်​ယောက်​ရှိ၏။- လူ​များ​စည်း​ဝေး​ကြ​သည်​ရှိ​သော်၊ ပိ​လတ်​မင်း​က၊ သင်​တို့​သည် အ​ဘယ်​သူ​ကို လွှတ်​စေ​ချင်​သ​နည်း။ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ချင်​သ​လော။ ခ​ရစ်​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​ကို လွှတ်​စေ​ချင်​သ​လော​ဟု လူ​များ​တို့​အား မေး​လေ၏။- အ​ဘယ်​ကြောင့် ဤ​သို့ မေး​သ​နည်း​ဟူ​မူ​ကား၊ ထို​သူ​တို့​သည် မ​နာ​လို​သော​စိတ်​နှင့် ယေ​ရှု​ကို​အပ်​နှံ​ကြောင်း​ကို ပိ​လတ်​မင်း​သိ၏။- ထို​မှ​တစ်​ပါး တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​စဉ်​တွင်၊ မိ​မိ​ခင်​ပွန်း​သည် လု​လင်​တစ်​ယောက်​ကို စေ​လွှတ်၍၊ ထို​ဖြောင့်​မတ်​သော​သူ​ကို အ​ဘယ်​သို့​မျှ မ​ပြု​ပါ​နှင့်။ ယ​နေ့​ပင် ကျွန်​မ​သည် ထို​သူ​ကြောင့် အိပ်​မက်၌ ပြင်း​စွာ​ခံ​ရ​ပါ​ပြီ​ဟု မှာ​လိုက်၏။- လူ​အ​စု​အ​ဝေး​တို့​သည် ဗာ​ရ​ဗ္ဗ​ကို​တောင်း၍ ယေ​ရှု​ကို​သတ်​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​သည် လူ​များ​ကို တိုက်​တွန်း​သွေး​ဆောင်​ကြ၏။- ထို​ကြောင့် မြို့​ဝန်​မင်း​သည်၊ ဤ​သူ​နှစ်​ယောက်​တို့​တွင် သင်​တို့​သည် အ​ဘယ်​သူ​ကို လွှတ်​စေ​ချင်​သ​နည်း​ဟု လူ​များ​ကို တစ်​ဖန် မေး​သော​အ​ခါ၊ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ချင်​ပါ​သည်​ဟု လျှောက်​ကြ၏။- ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် ခ​ရစ်​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​ကို အ​ဘယ်​သို့ ပြု​ရ​မည်​နည်း​ဟု မေး​ပြန်​သော်၊ ထို​သူ​အ​ပေါင်း​တို့​က၊ သူ​သည် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ခံ​ပါ​လေ​စေ​ဟု ဆို​ကြ၏။- မြို့​ဝန်​မင်း​က​လည်း အ​ဘယ်​ကြောင့်​နည်း။ အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​သည် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ခံ​ပါ​လေ​စေ​ဟု လူ​များ​တို့​သည် သာ၍​ဟစ်​ကြ၏။- ပိ​လတ်​မင်း​သည် မိ​မိ​မ​နိုင်၊ လူ​များ​သာ၍ ရုန်း​ရင်း​ခတ်​မျှ ပြု​ကြ​သည်​ကို​မြင်​လျှင်၊ ရေ​ကို​ယူ၍ လူ​များ​ရှေ့​တွင် မိ​မိ​လက်​ကို​ဆေး​လျက်၊ ဤ​ဖြောင့်​မတ်​သော​သူ၏​အ​သွေး​နှင့် ငါ​သည် ကင်း​ရှင်း၏။ ဤ​အ​မှု​ကို သင်​တို့ ကြည့်​ကြ​လော့​ဟု ဆို၏။- ထို​လူ​အ​ပေါင်း​တို့​က သူ၏​အ​သွေး​သည် ငါ​တို့၏ ခေါင်း​ပေါ်၌​လည်း​ကောင်း၊ သား​မြေး​တို့​ခေါင်း​ပေါ်၌​လည်း​ကောင်း တည်​ရှိ​ပါ​စေ​ဟု ပြန်​ပြော​ကြ၏။- ပိ​လတ်​မင်း​သည်​လည်း ဗာ​ရ​ဗ္ဗ​ကို လူ​များ​တို့​အား လွှတ်​လေ၏။ ယေ​ရှု​ကို​ကား ရိုက်​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​မှာ သတ်​စေ​ခြင်း​ငှာ အပ်​လိုက်​လေ၏။ ထို​အ​ခါ မြို့​ဝန်​မင်း၏ စစ်​သူ​ရဲ​တို့​သည် ယေ​ရှု​ကို အိမ်​တော်​ဦး​သို့ ဆောင်​သွား၍ စစ်​သူ​ရဲ​တစ်​တပ်​လုံး​ကို အ​ထံ​တော်၌ စု​ရုံး​စေ​ပြီး​မှ၊- အ​ဝတ်​တော်​ကို ချွတ်၍ နီ​သော​ဝတ်​လုံ​ကို ခြုံ​စေ​ကြ၏။- ဆူး​ပင်​နှင့် ရက်​သော​ဦး​ရစ်​ကို ခေါင်း​တော်၌ တင်​ကြ၏။ ကျူ​တစ်​လုံး​ကို​လည်း လက်​ယာ​လက်​တော်​နှင့် ကိုင်​စေ​ပြီး​လျှင် ရှေ့​တော်​မှာ​ဒူး​ထောက်​လျက် ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟူ၍ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။- ကိုယ်​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ ကျူ​လုံး​ကို​ယူ၍ ခေါင်း​တော်​ကို ရိုက်​ကြ၏။- ထို​သို့ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​သည်​နောက်၊ မင်း​ဝတ်​လုံ​ကို​ချွတ်၍ အ​ဝတ်​တော်​ကို ဝတ်​ပြန်​စေ​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ငှာ ထုတ်​သွား​ကြ၏။