YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 27:1-10

ရှင်မဿဲ 27:1-10 JBMLE

နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော သူ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို သတ်​အံ့​သော​ငှာ တိုင်​ပင်၍၊- ကိုယ်​တော်​ကို ချည်​နှောင်​ပြီး​လျှင် မြို့​ဝန်​မင်း ပု​န္တိ​ပိ​လတ်​ထံ​သို့ ဆောင်​သွား၍ အပ်​လိုက်​ကြ၏။- ထို​အ​ခါ ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ကိုယ်​တော်၌ သေ​ပြစ်​ကို စီ​ရင်​ကြ​သည်​ကို သိ​မြင်​လျှင်၊ နောင်​တ​ရ၍ ငွေ​သုံး​ဆယ်​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ လူ​အ​ကြီး​အ​ကဲ​တို့၌ ပြန်​ပေး၍၊- အ​ကျွန်ုပ် ပြစ်​မှား​ပါ​ပြီ။ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သွေး​ကို အပ်​မိ​ပါ​ပြီ​ဟု ဆို၏။ ထို​သူ​တို့​က​လည်း ငါ​တို့​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ ကိုယ်​အ​မှု​ကို ကိုယ်​ကြည့်​လော့​ဟု ဆို​ကြ​သော်၊- သူ​သည် ထို​ငွေ​ကို ဗိ​မာန်​တော်၌ ပစ်​ချ​ခဲ့၍ အ​ခြား​သို့​သွား​ပြီး​လျှင် လည်​ကြိုး​တပ်၍ သေ​လေ၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ထို​ငွေ​ကို​ယူ၍ အ​သွေး၏​အ​ဖိုး​ဖြစ်၏။ ဘ​ဏ္ဍာ​တော်၌ မ​သွင်း​အပ်​ဟု ပြော​ဆို၊- တိုင်​ပင်​ပြီး​မှ၊ အိုး​ထိန်း​သ​မား၏ မြေ​အ​ကွက်​ကို တစ်​ပါး​အ​မျိုး​သား​တို့၏ သင်္ချိုင်း​ဖြစ်​စေ​ဖို့​ရာ ထို​ငွေ​နှင့် ဝယ်​ကြ၏။- ထို​အ​ကြောင်း​ကို အ​စွဲ​ပြု၍ ယ​ခု​တိုင်​အောင် ထို​မြေ​အ​ကွက်​ကို သွေး​မြေ​ဟု ခေါ်​တွင်​ကြ၏။- ပ​ရော​ဖက်​ယေ​ရ​မိ ဟော​သည်​ကား၊ ဣ​သ​ရေ​လ​လူ​တို့​သည် အ​ဖိုး​ဖြတ်​သော​သူ၏ ကိုယ်​ဖိုး​ငွေ​သုံး​ဆယ်​ကို သူ​တို့​သည်​ယူ၍ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊- အိုး​ထိန်း​သ​မား၏ မြေ​အ​ကွက်​ကို ဝယ်​ကြ၏​ဟူ​သော စ​ကား​သည် ထို​အ​ခါ ပြည့်​စုံ​ခြင်း​သို့​ရောက်​လေ၏။