YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:69-75

ရှင်မဿဲ 26:69-75 JBMLE

ပေ​တ​ရု​သည် ပြင်​မှာ အိမ်​ဦး၌​ထိုင်​နေ​စဉ်၊ အ​စေ​အ​ပါ မိန်း​မ​တစ်​ယောက်​သည် သူ​ရှိ​ရာ​သို့​လာ၍ သင်​သည်​လည်း ဂါ​လိ​လဲ​လူ ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​လျှင်၊- ပေ​တ​ရု​က သင်​ပြော​သော​အ​ရာ​ကို ငါ​မ​သိ​ဟု လူ​အ​ပေါင်း​တို့​ရှေ့၌ ငြင်း​ခုံ​လေ၏။- ထို​နောက် ပေ​တ​ရု​သည် အိမ်​ဦး​ရှေ့​သို့ ထွက်​ပြီး​မှ အ​ခြား​သော​မိန်း​မ​သည် သူ့​ကို​မြင်၍ ထို​အ​ရပ်၌​ရှိ​သော သူ​တို့​အား၊ ဤ​သူ​လည်း နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ ဖြစ်​သည်​ဟု ဆို​လျှင်၊- ပေ​တ​ရု​က၊ ထို​သူ​ကို ငါ​မ​သိ​ဟု ကျိန်​ဆို​လျက် တစ်​ဖန် ငြင်း​ခုံ​ပြန်၏။- ထို​နောက် များ​မ​ကြာ ထို​အ​ရပ်၌​ရပ်​နေ​သော သူ​တို့​သည် ပေ​တ​ရု​အ​နီး​သို့ လာ၍၊ အ​ကယ်​စင်​စစ် သင်​သည်​လည်း ထို​သူ​တို့​အ​ဝင် ဖြစ်၏။ သင့်​စ​ကား​သည် သင့်​အ​ကြောင်း​ကို ထင်​ရှား​စေ၏​ဟု ဆို​ကြ​လျှင်၊- ပေ​တ​ရု​က၊ ထို​သူ​ကို ငါ​မ​သိ​ဟု ဓိ​ဋ္ဌာန်​ပြု၍ ကျိန်​ဆို၏။ ထို​ခ​ဏ​ချင်း​တွင် ကြက်​တွန်​လေ၏။- ယေ​ရှု​က၊ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့် ပြင်​သို့​ထွက်၍ ပြင်း​စွာ ငို​ကြွေး​လေ၏။

​ရှင်မဿဲ 26:69-75 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။