YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:47-50

ရှင်မဿဲ 26:47-50 JBMLE

ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင် ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​လာ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင်​အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ စေ​လွှတ်​သော လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ဓား​နှင့် တုတ်​များ​ကို ကိုင်​လျက်​ပါ​ကြ၏။- ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​က၊ ငါ​နမ်း​သော​သူ​သည် ယေ​ရှု​ပင်​ဖြစ်၏။ သူ့​ကို​ဖမ်း​ကြ​ဟု ထို​သူ​တို့​အား အ​မှတ်​ပေး​ခဲ့​သည်​အ​တိုင်း၊- ကိုယ်​တော်​ရင်း​သို့ ချက်​ချင်း​ချဉ်း​ကပ်၍ အ​ရှင်​ဘု​ရား၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော​ဟု ဆို​လျက် နမ်း​လေ၏။- ယေ​ရှု​က​လည်း၊ အ​ဆွေ၊ အ​ဘယ်​အ​ခင်း​ရှိ၍ လာ​သ​နည်း​ဟု မေး​တော်​မူ​ပြီး​မှ၊ ထို​သူ​များ​တို့​သည် လာ၍ ကိုယ်​တော်​ကို ဆွဲ​ကိုင်​ဖမ်း​ဆီး​ကြ၏။