YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:1-13

ရှင်မဿဲ 26:1-13 JBMLE

ထို​ဒေ​သ​နာ​တော်​ရှိ​သ​မျှ​တို့​ကို ယေ​ရှု​သည် အ​ကုန်​အ​စင် ဟော​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တို့​အား၊- နှစ်​ရက်​လွန်​မှ ပ​သ​ခါ​ပွဲ​နေ့​ရောက်​မည်​ကို သင်​တို့​သိ​ကြ၏။ ထို​အ​ခါ လူ​သား​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​သတ်​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး ကျမ်း​ပြု​ဆ​ရာ​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​သည်၊ က​ယာ​ဖ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး၌ စည်း​ဝေး​ကြ​ပြီး​လျှင်၊- ယေ​ရှု​ကို ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး၍ သတ်​အံ့​သော​ငှာ တိုင်​ပင်​ကြ၏။- သို့​သော်​လည်း လူ​များ​တို့​သည် ရုန်း​ရင်း​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်၍ ပွဲ​နေ့​တွင်​မ​ပြု​နှင့်​ဦး​ဟု ပြော​ဆို​ကြ၏။ ဗေ​သ​နိ​ရွာ​တွင် ရှိ​မုန်​အ​မည်​ရှိ​သော လူ​နူ၏​အိမ်၌ ယေ​ရှု​ရှိ​တော်​မူ​သည်​ဖြစ်၍၊- မိန်း​မ​တစ်​ယောက်​သည် အ​ဖိုး​များ​စွာ​ထိုက်​သော ဆီ​မွှေး​ကျောက်​ဖြူ​ခွက် တစ်​လုံး​ကို အ​ထံ​တော်​သို့ ယူ​ခဲ့၍၊ စား​ပွဲ​နား​မှာ လျောင်း​တော်​မူ​သော ကိုယ်​တော်၏​ခေါင်း​ပေါ်၌ သွန်း​လောင်း​လေ၏။- တ​ပည့်​တော်​တို့​သည် မြင်​လျှင် ဒေါ​သ​စိတ်​ရှိ​သည်​ဖြစ်၍ အ​ဘယ်​ကြောင့် အ​ကျိုး​မဲ့​ဆုံး​စေ​သ​နည်း။- ထို​ဆီ​မွှေး​ကို အ​ဖိုး​များ​စွာ​နှင့်​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​စ​ရာ​ကောင်း​သည်​ဟု ဆို​ကြ၏။- ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ ထို​မိန်း​မ​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​ကြ​သ​နည်း။ သူ​သည် ငါ၌ ကောင်း​သော​အ​မှု​ကို​ပြု​ပြီ။- ဆင်း​ရဲ​သော​သူ​တို့​သည် သင်​တို့၌ အ​စဉ်​ရှိ​ကြ၏။ ငါ​မူ​ကား သင်​တို့၌​အ​စဉ် ရှိ​သည်​မ​ဟုတ်။- ဤ​ဆီ​မွှေး​ကို ငါ့​ကိုယ်​အ​ပေါ်၌ သွန်း​လောင်း​သည်​မှာ ငါ့​အ​လောင်း​ကို သင်္ဂြိုဟ်​မည်​ဟု ပြင်​ဆင်​ခြင်း​ငှာ ပြု​သ​တည်း။- ငါ​အ​မှန်​ဆို​သည်​ကား၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မြေ​တစ်​ပြင်​လုံး​တွင် ဟော​သော​အ​ရပ်​ရပ်​တို့၌ ဤ​မိန်း​မ​ကို အောက်​မေ့​စ​ရာ​ဖို့ သူ​ပြု​သော​ဤ​အ​မှု​ကို ကြား​ပြော​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။