YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 25:35-45

ရှင်မဿဲ 25:35-45 JBMLE

အ​ကြောင်း​မူ​ကား၊ ငါ​သည် မွတ်​သိပ်​သော​အ​ခါ သင်​တို့​သည် ကျွေး​ကြ၏။ ငါ​သည် ရေ​ငတ်​သော​အ​ခါ သင်​တို့​သည် သောက်​ဖို့​ပေး​ကြ၏။ ငါ​သည် ဧည့်​သည်​ဖြစ်​သော​အ​ခါ သင်​တို့​သည် ဧည့်​သည်​ဝတ်​ကို ပြု​ကြ၏။- ငါ​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​အ​ခါ သင်​တို့​သည် အ​ဝတ်​နှင့် ဖုံး​လွှမ်း​ကြ၏။ ငါ​သည် အ​နာ​ရော​ဂါ စွဲ​သော​အ​ခါ သင်​တို့​သည် ကြည့်​ရှု​ပြု​စု​ကြ၏။ ငါ​သည် ထောင်​ထဲ​မှာ​နေ​ရ​သော​အ​ခါ သင်​တို့​သည် ငါ့​ထံ​သို့​လာ​ကြ၏​ဟု မိန့်​တော်​မူ​လျှင်၊- ဖြောင့်​မတ်​သော​သူ​တို့​က၊ သ​ခင်၊ ကိုယ်​တော်​သည် မွတ်​သိပ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည်​မြင်၍ ကိုယ်​တော်​ကို လုပ်​ကျွေး​ပါ​သ​နည်း။ ရေ​ငတ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည် မြင်၍ ကိုယ်​တော်​ကို သောက်​ဖို့ ပေး​ပါ​သ​နည်း။- ဧည့်​သည်​ဖြစ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည်​မြင်၍ ဧည့်​သည်​ဝတ်​ကို ကိုယ်​တော်​အား ပြု​ပါ​သ​နည်း။ အ​ဝတ်​အ​ချည်း​စည်း​ရှိ​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည်​မြင်၍ ကိုယ်​တော်​ကို အ​ဝတ်​နှင့်​ဖုံး​လွှမ်း​ပါ​သ​နည်း။- အ​နာ​စွဲ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ထောင်​ထဲ​မှာ နေ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည် မြင်၍ အ​ထံ​တော်​သို့ ရောက်​ပါ​သ​နည်း​ဟု ပြန်၍​လျှောက်​ကြ​သော်၊- မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တည်း​ဟူ​သော ငါ့​ညီ​တို့​တွင် အ​ငယ်​ဆုံး​သော သူ​တစ်​ယောက်​အား ပြု​ကြ​သ​မျှ​တို့​ကို ငါ့​အား​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။- ထို​အ​ခါ လက်​ဝဲ​တော်​ဘက်၌​ရှိ​သော​သူ​တို့​အား မင်း​ကြီး​က၊ ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​တို့၊ မာရ်​နတ်​နှင့် သူ၏​တ​မန်​တို့​အ​ဖို့ ပြင်​ဆင်​သော ထာ​ဝ​ရ​မီး​ထဲ​သို့ ငါ့​ထံ​မှ ခွာ​သွား​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ငါ​သည် မွတ်​သိပ်​သော​အ​ခါ သင်​တို့​သည်​မ​ကျွေး၊ ငါ​သည် ရေ​ငတ်​သော​အ​ခါ သင်​တို့​သည် သောက်​ဖို့​မ​ပေး။- ငါ​သည် ဧည့်​သည်​ဖြစ်​သော​အ​ခါ သင်​တို့​သည် ဧည့်​သည်​ဝတ်​ကို​မ​ပြု။ ငါ​သည် အ​ဝတ်​အ​ချည်း​စည်း ရှိ​သော​အ​ခါ သင်​တို့​သည် အ​ဝတ်​နှင့်​မ​ဖုံး​မ​လွှမ်း။ ငါ​သည် အ​နာ​ရော​ဂါ စွဲ​သော​အ​ခါ၌​လည်း​ကောင်း၊ ထောင်​ထဲ​မှာ​နေ​ရ​သော အ​ခါ၌​လည်း​ကောင်း၊ သင်​တို့​သည် မ​ကြည့်​ရှု​မ​ပြု​စု​ကြ​ဟု မိန့်​တော်​မူ​လျှင်၊- ထို​သူ​တို့​က၊ သ​ခင်၊ ကိုယ်​တော်​သည် မွတ်​သိပ်​တော်​မူ​ခြင်း၊ ရေ​ငတ်​တော်​မူ​ခြင်း၊ ဧည့်​သည်​ဖြစ်​တော်​မူ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း ရှိ​တော်​မူ​ခြင်း၊ အ​နာ​စွဲ​တော်​မူ​ခြင်း၊ ထောင်​ထဲ​မှာ နေ​တော်​မူ​ခြင်း​တို့​ကို အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​အ​ခါ၌​မြင်၍ ကိုယ်​တော်​ကို မ​ပြု​စု​မ​လုပ်​ကျွေး​ဘဲ နေ​ပါ​သ​နည်း​ဟု ပြန်၍​လျှောက်​ကြ​သော်၊- မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တို့​တွင် အ​ငယ်​ဆုံး​သော​သူ တစ်​ယောက်​အား မ​ပြု​သ​မျှ​တို့​ကို ငါ့​အား​မ​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။

Video for ရှင်မဿဲ 25:35-45