YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 25:35-40

ရှင်မဿဲ 25:35-40 JBMLE

အ​ကြောင်း​မူ​ကား၊ ငါ​သည် မွတ်​သိပ်​သော​အ​ခါ သင်​တို့​သည် ကျွေး​ကြ၏။ ငါ​သည် ရေ​ငတ်​သော​အ​ခါ သင်​တို့​သည် သောက်​ဖို့​ပေး​ကြ၏။ ငါ​သည် ဧည့်​သည်​ဖြစ်​သော​အ​ခါ သင်​တို့​သည် ဧည့်​သည်​ဝတ်​ကို ပြု​ကြ၏။- ငါ​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​အ​ခါ သင်​တို့​သည် အ​ဝတ်​နှင့် ဖုံး​လွှမ်း​ကြ၏။ ငါ​သည် အ​နာ​ရော​ဂါ စွဲ​သော​အ​ခါ သင်​တို့​သည် ကြည့်​ရှု​ပြု​စု​ကြ၏။ ငါ​သည် ထောင်​ထဲ​မှာ​နေ​ရ​သော​အ​ခါ သင်​တို့​သည် ငါ့​ထံ​သို့​လာ​ကြ၏​ဟု မိန့်​တော်​မူ​လျှင်၊- ဖြောင့်​မတ်​သော​သူ​တို့​က၊ သ​ခင်၊ ကိုယ်​တော်​သည် မွတ်​သိပ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည်​မြင်၍ ကိုယ်​တော်​ကို လုပ်​ကျွေး​ပါ​သ​နည်း။ ရေ​ငတ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည် မြင်၍ ကိုယ်​တော်​ကို သောက်​ဖို့ ပေး​ပါ​သ​နည်း။- ဧည့်​သည်​ဖြစ်​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည်​မြင်၍ ဧည့်​သည်​ဝတ်​ကို ကိုယ်​တော်​အား ပြု​ပါ​သ​နည်း။ အ​ဝတ်​အ​ချည်း​စည်း​ရှိ​တော်​မူ​သည်​ကို အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည်​မြင်၍ ကိုယ်​တော်​ကို အ​ဝတ်​နှင့်​ဖုံး​လွှမ်း​ပါ​သ​နည်း။- အ​နာ​စွဲ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ထောင်​ထဲ​မှာ နေ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​အ​ခါ၌ အ​ကျွန်ုပ်​တို့​သည် မြင်၍ အ​ထံ​တော်​သို့ ရောက်​ပါ​သ​နည်း​ဟု ပြန်၍​လျှောက်​ကြ​သော်၊- မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တည်း​ဟူ​သော ငါ့​ညီ​တို့​တွင် အ​ငယ်​ဆုံး​သော သူ​တစ်​ယောက်​အား ပြု​ကြ​သ​မျှ​တို့​ကို ငါ့​အား​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။