YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 25:14-21

ရှင်မဿဲ 25:14-21 JBMLE

ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့​သွား​မည်​ဟု အ​ကြံ​ရှိ​လျက်၊ မိ​မိ​ငယ်​သား​တို့​ကို​ခေါ်၍ မိ​မိ​ဥ​စ္စာ​များ​ကို အပ်​ပေး၏။ သူ​တို့​သည် အ​သီး​အ​သီး အ​စွမ်း​သ​တ္တိ​ရှိ​သည်​အ​တိုင်း၊ တစ်​ဦး၌ ငွေ​အ​ခွက်​ငါး​ဆယ်၊- တစ်​ဦး၌ အ​ခွက်​နှစ်​ဆယ်၊ တစ်​ဦး၌ အ​ခွက်​တစ်​ဆယ်​ကို အပ်​ပေး​ပြီး​မှ ချက်​ချင်း​သွား​လေ၏။- အ​ခွက်​ငါး​ဆယ်​ကို​ခံ​သော​သူ​သည် သွား၍​ကုန်​သွယ်​ခြင်း​ကို ပြု​သ​ဖြင့် အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို အ​မြတ်​ရ​လေ၏။- ထို​နည်း​တူ အ​ခွက်​နှစ်​ဆယ်​ကို ခံ​သော​သူ​သည်​လည်း၊ အ​ခြား​သော အ​ခွက်​နှစ်​ဆယ်​ကို အ​မြတ်​ရ​လေ၏။- အ​ခွက်​တစ်​ဆယ်​ကို ခံ​သော​သူ​မူ​ကား၊ သွား၍ မြေ၌​တွင်း​တူး​ပြီး​လျှင် အ​ရှင်၏​ငွေ​ကို ဝှက်​ထား​လေ၏။ ကာ​လ​ကြာ​မြင့်​ပြီး​မှ ထို​ငယ်​သား​တို့၏ အ​ရှင်​သည် လာ၍ သူ​တို့​ကို စာ​ရင်း​ယူ​လေ၏။- အ​ခွက်​ငါး​ဆယ်​ကို ခံ​သော​သူ​သည် ချဉ်း​ကပ်၍ အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို ဆက်​လျက်၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ အ​ခွက်​ငါး​ဆယ်​ကို အပ်​ပေး​တော်​မူ၏။ အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို အ​ကျွန်ုပ် အ​မြတ်​ရ​ပါ​ပြီ​ဟု လျှောက်​လေ၏။- အ​ရှင်​က​လည်၊ သာ​ဓု၊ သ​စ္စာ​ရှိ​သော ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌​ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။